အနုပညာလုပ်ငန်းတွေကို အေဂျင်စီတွေ entertainment တွေနဲ့ လက်တွဲလုပ်ကိုင်ပြီးတဲ့နောက် စာချုပ်သက်တမ်းပြည့်သွားတဲ့အခါမှာ ထပ်မံချုပ်ဆိုခြင်းမလုပ်တော့ဘဲ အလွတ်တမ်းသရုပ်ဆောင်တွေအဖြစ်ရပ်နေကြတဲ့ ထိုင်းမင်းသမီးတွေရှိပါတယ်။ အရည်အချင်းပြည့်ဝတဲ့သရုပ်ဆောင်ချက်တွေကြောင့် ထုတ်လုပ်သူတွေ၊ ရိုက်ကူးရေးဖက်ကနေ ကမ်းလှမ်းမှုတွေအများအပြားရှိနေတဲ့ နာမည်ကြီးအလွတ်တန်းမင်းသမီး ၁၁ ဦးရှိနေပါတယ်။
Mai Davika
၂၀၁၅ ခုနှစ်ကတည်းက Thai Channel 7 နဲ့ လက်တွဲဖြုတ်ခဲ့တဲ့နာမည်ကြီးမင်းသမီး Mai Davika ကတော့ အလွတ်တန်းမင်းသမီးတွေထဲမှာ နာမည်ကြီးသူလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမပါဝင်ရိုက်ကူးထားတဲ့ “Wanthong” ဇာတ်လမ်းတွဲသစ်ကို ONE 31 မှာ ထုတ်လွှင့်ပြသနေပါတယ်။ မကြာခင်မှာလည်း remake ဇာတ်လမ်းတွဲ “You’re My Heartbeat” ကို PPTV မှာ ပြသတော့မှာပါ။
Baifern Pimchanok
Baifern Pimchanok ကလည်း နာမည်ကြီး freelance မင်းသမီးလေးတစ်ယောက်ဖြစ်တာကို အားလုံးသိမှာပါ။ “Sroi Sabunga”, “46 Days” နဲ့ “Sinaeha Saree” အစရှိတဲ့ ဇာတ်လမ်းတွဲသစ် ၃ခုကို ရိုက်ကူးထားသူဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားပါတယ်။
Pooklook Fonthip
အသက် 30 အရွယ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး Pooklook Fonthip ကတော့ လက်တလောမှာ ONE 31 ရဲ့ ဇာတ်လမ်းသစ် “Leh Luang” ကိုရိုက်ကူးနေပါတယ်။ ၂၀၂၀ နှောင်းပိုင်းမှာ PPTV နဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် အလွတ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာခဲ့တာပါ။
Richy Oranate
၂၀၂၀ အစောပိုင်းလောက်မှာ Thai TV3 နဲ့ စာချုပ်သက်တမ်းပြည့်သွားတဲ့အခါမှာတော့ Richy ဟာ အလွတ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်လာပါတယ်။ ယခုတော့ ONE 31 ဇာတ်လမ်းတွဲတွေဖြစ်တဲ့ “Sinaeha Saree” နဲ့ “Prajan Daeng” တို့ကို ရိုက်ကူးနေပါတယ်။
Kwan Usamanee
Kwan Usamanee နဲ့ PPTV တို့ကြားက စာချုပ်ဟာ 2021 မတ်လလယ်လောက်မှာ ကုန်ဆုံးခဲ့ပြီဖြစ်ပြီး free agent အဖြစ် အနုပညာအလုပ်တွေ လုပ်ကိုင်နေခဲ့ပြီဖြစ်ပါတယ်။
Pim Pimprapa
Thai channel 7 ကနေ 2020 ကုန်ခါနီးမှာ စာချုပ်သက်တမ်းပြည့်ခဲ့တဲ့ Pim Pimprapa ကတော့ remake ဇာတ်လမ်းတွဲ “Mia Luang” ကိုရိုက်ကူးနေသလို “Wai Onlawon Ha” ဆိုတဲ့ဇာတ်ကားကိုပါ ရိုက်ကူးနေပါတယ်။
Pinky Savika
အသက် 34 နှစ်အရွယ် မင်းသမီးကြီး Pinky ကတော့ Thai channel 7 ကနေ 2010 ကတည်းက ထွက်လာခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ Thai channel 8 ရဲ့ ဇာတ်လမ်းသစ် “Reuan Rom Ngiw” မှာ ပါဝင်ရိုက်ကူးနေသလို “Dare to Love: Hai Rak Pipaksa” မှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။
Yui Chiranan
Yui Chiranan ကတော့ နာမည်ကြီးအလွတ်တန်းမင်းသမီးဖြစ်ပြီး “Tawan Tok Din”, “Raan 2021” နဲ့ “Lay Luntaya” စတဲ့ ဇာတ်လမ်း ၃ခုကို ရိုက်ကူးနေပါတယ်။
Wawa Nicha
အလွတ်တန်းမင်းသမီးဖြစ်လာပြီးတဲ့နောက် Wawa Nicha ဟာ နာမည်ကြီးလာခဲ့ပါတယ်။ ဇာတ်လမ်းတွဲပေါင်းများစွာဖြစ်တဲ့ “Lay Luntaya”, “Pleng Bin Bai Ngiw”, “Wimarn Sai” နဲ့ “Groovin’ On” အစရှိသည်တို့ကိုပါ ရိုက်ကူးနေရသူပါ။
Sammy Cowell
နာမည်ကြီးအလွတ်တန်းသရုပ်ဆောင် Sammy Cowell ကလည်း နောက်ထပ် Remake ဇာတ်လမ်းဖြစ်တဲ့ “Sai Roong” ကို Pong Nawat နဲ့ မကြာခင်မှာ ရိုက်ကူးတော့မှာပါ။
Min Pechaya
Min Pechaya ကတော့ အလွတ်တန်းသရုပ်ဆောင်တွေကြားထဲမှာ နာမည်ကြီးသူလေးပါပဲ။ ရိုက်ကူးဖို့အတွက် ဇာတ်ညွှန်းပေါင်းများစွာကိုလက်ခံဖတ်ရှုနေသလို ဘယ်ဇာတ်လမ်းတွဲသစ်တွေကိုရိုက်ကူးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ၂၀၂၀ နှစ်ကုန်ခါနီးလောက်မှ Thai Channel 7 နဲ့ စာချုပ်သက်တမ်းပြည့်သွားတာကြောင့် Free agent အဖြစ် အနုပညာအလုပ်တွေ လုပ်ကိုင်နေပါတယ်။
Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi