Dating သတင်းကို အတည်ပြုပေးလိုက်တဲ့ “Manner of Death” ထဲက မင်းသားချော Max Nattapol

“Bad Romance:The Series”, “Together With Me”, “Manner of Death” အစရှိတဲ့ ဇာတ်လမ်းတွဲပေါင်းများစွာနဲ့ နာမည်ကြီးတဲ့မင်းသားချော Max Nattapol ကတော့ ပြီးခဲ့တဲ့လတွေတုန်းကမှ Dating သတင်းထွက်လာခဲ့တာဖြစ်ပြီး အတည်ပြုပေးတာမျိုးမရှိခဲ့တာကြောင့် ပရိသတ်တွေက မင်းသားရဲ့အချစ်ရေးကို အတိအကျသိချင်နေခဲ့ကြတာပါ။

ပြီးခဲ့တဲ့အင်တာဗျူးတစ်ခုမှာပဲ Max ဟာ Dating သတင်းကို ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပြီး သတင်းသမားတွေကိုရှင်းလင်းပြောဆိုခဲ့ပါတော့တယ်။ Max Nattapol နဲ့သတင်းထွက်လာသူလေးကတော့ GMMTV ရဲ့ မင်းသမီး Mook Worranit ဖြစ်ပြီး သူမကတော့ မင်းသား Toy Pathompong နဲ့ တွဲခဲ့ဖူးသူလေးပါ။

Max နဲ့ Mook တို့ တွဲနေတယ်ဆိုပြီးသတင်းထွက်လာပြီးနောက် ပရိသတ်တွေကအံ့သြသင့်ခဲ့ရသလို ယခုချိန်မှာတော့ နှစ်ယောက်စလုံးအတွက် ဂုဏ်ပြုပေးရပါတော့မယ်။ Max က ၂၀၂၀ နှောင်းပိုင်းလတုန်းက Mook နဲ့ စတွဲခဲ့တာဖြစ်ပြီး အစပိုင်းတုန်းကတော့ သာမာန်မေးထူးခေါ်ပြောလောက်သာရှိတာကြောင့် ထူးထူးခြားခြားခံစားချက်မျိုးမရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း “ကျွန်တော်တို့နှစ်ယောက်က သင်တန်းတစ်ခုကို အတူတူတက်ဖို့တိုင်ပင်ဆွေးနွေးကြရင်း ရင်းနှီးသွားခဲ့တယ်။ နောက်တော့ နေ့တိုင်းလောက်စကားပြောဖြစ်လာရင်း သံယောဇဥ်တွယ်ပြီး အဆင့်တက်သွားတာပါပဲ။ Mook က နှစ်လိုဖွယ်ကောင်းတယ်။ အရာရာကိုလည်း အသေးစိတ်ကျကျနဲ့ အလေးထားပြီး လုပ်ကိုင်တတ်တဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါပဲ” လို့ Max က သတင်းသမားတွေကို ပြောပြလာပါတော့တယ်။

အစောပိုင်းလတွေတုန်းက မင်းသမီး Mook Worranit ဟာ သူမရဲ့ Instagram မှာ Max နဲ့အတူရှိနေတဲ့ ဓာတ်ပုံလေးတစ်ပုံကို တင်ခဲ့ဖူးပြီး အဆိုပါပုံကို ပရိသတ်တော်တော်များများက တွေ့ရှိခဲ့တာကြောင့် Dating သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ မင်းသား Max Nattapol ရဲ့ Dating သတင်း အတည်ပြုပေးချက်အရ နောက်ထပ် တရားဝင်ထိုင်းအနုပညာစုံတွဲတစ်တွဲ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတော့တယ်။

Source: ThaiUpdate
Photos: Twitter
Written: Nay Chi

Share