မင်းသား Na In Woo နဲ့ပတ်သက်ပြီး “River Where The Moon Rises” ရဲ့ ထင်မှတ်မထားတဲ့အစီအစဥ်

“River Where the Moon Rises” ဇာတ်လမ်းတွဲကတော့ မထွက်လာခင်တုန်းက အဓိကဇာတ်ဆောင်အနုပညာရှင်တွေကြောင့်ပဲ အများကစောင့်ကြည့်ဖို့အားခဲထားကြတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့လည်း ထုတ်လွှင့်ပြသနေဆဲမှာပဲ မမျှော်လင့်ထားတဲ့အခြေအနေတစ်ခုကြောင့် ခေါင်းဆောင်မင်းသားအပြောင်းအလဲဖြစ်ခဲ့ရပြီး March လ ၅ရက်နေ့မှာပဲ မူလအဓိကခေါင်းဆောင်မင်းသား Ji Soo ရဲ့ နေရာမှာ မင်းသား Na In Woo က On Dal အဖြစ်သရုပ်ဆောင်သွားမဲ့အကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။

ထို့နောက်မှာတော့ ဇာတ်လမ်းရဲ့ အပိုင်း ၇ မှ ၁၈ အထိ အဓိကဇာတ်လိုက် On Dal ရဲ့ အပိုင်းတွေကို ပြန်လည်ရိုက်ကူးရေးလုပ်ခဲ့ပြီး ယခုအချိန်မှာတော့ ရိုက်ကူးရေးပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ပရိသတ်တွေမထင်မှတ်ထားတဲ့အစီအစဥ်ကတော့ ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။

Korean VOD sites ဖက်ကနေ ဒီဇာတ်လမ်းရဲ့ ထုတ်လွှင့်ပြသပြီးသား အပိုင်း ၁ မှ ၆ ကို ဖယ်ရှားခဲ့တာကြောင့် ယခုမှစတင်ကြည့်ရှုကြမဲ့သူတွေကော၊ ပရိသတ်တော်တော်များများကပါ အစောပိုင်း episodes တွေကို ကြည့်ရှုလိုတာကြောင့်ပဲ “River Where the Moon Rises” ဇာတ်လမ်းရဲ့ အပိုင်း ၆ပိုင်းကို Na In Woo နဲ့ ပြန်လည်ရိုက်ကူးသွားတော့မှာဖြစ်ပြီး VOD sites မှာ တင်ပေးထားမှာဖြစ်ပါတယ်။

ထုတ်လုပ်ရေးဖက်ကနေ “အပိုင်း ၁ မှ ၆ ကို ကြည့်ရှုလိုကြတဲ့ပရိသတ်တွေ တိုးလာတာကြောင့် ကြည့်ရှုနေဆဲဖြစ်တဲ့ပရိသတ်တွေအတွက်ကော၊ စတင်ကြည့်ရှုတော့မဲ့ပရိသတ်တွေအတွက်ပါ ရည်ရွယ်ပြီး အစပိုင်းထုတ်လွှင့်ပြီးသားအပိုင်းတွေကို Na In Woo နဲ့ပြန်လည်ရိုက်ကူးပြီး On Dal ရဲ့ဇာတ်ရုပ်ကို အသက်သွင်းသွားမှာပါ” ဆိုပြီး ထုတ်ပြန်ပေးခဲ့တာပါ။

“River Where the Moon Rises” ဇာတ်လမ်းတွဲကတော့ အပတ်စဥ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအဖြစ် မင်းသား Na In Woo နဲ့ မင်းသမီး Kim So Hyun တို့ပါ ပါဝင်သရုပ်ဆောင်ထားပြီး ကြည့်လို့အလွန်ကောင်းတဲ့ ကိုရီးယားရှေးဟောင်းဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတော့တယ်။

Source: Soompi
Photos: asianwiki
Written: Nay Chi

Share