အ​မေရိကန်နိုင်ငံရဲ့ နာမည်ကြီး talk show တစ်ခုမှာ ပါဝင်​ဖျော်​ဖြေသွားမယ့် Rosé

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်​နေ့က Rosé ဟာ အ​မေရိကန်နိုင်ငံရဲ့ နာမည်ကြီး အစီအစဉ်တစ်ခုဖြစ်တဲ့ “The Tonight Show Starring Jimmy Fallon” အစီအစဉ်မှာ ပါဝင်ခဲ့ပြီး သူမရဲ့ တစ်ကိုယ်​တော်ပွဲဦးထွက်သီချင်း “On The Ground” နဲ့ အ​မေရိကန် တီဗီရုပ်သံလိုင်းမှာ ပထမဦးဆုံးအကြိမ် ပါဝင်​ဖျော်​ဖြေခဲ့ပါတယ်။

ယခု နောက်ထပ် နာမည်ကြီး အ​မေရိကန် talk show တစ်ခုဖြစ်တဲ့ NBC ရုပ်သံလိုင်းရဲ့ “The Kelly Clarkson Show” မှာ ပါဝင်သွားမယ်လို့ YG Entertainment က မတ်လ ၂၇ ရက်​နေ့မှာ အတည်ပြု​ပြောကြားလိုက်ပါတယ်။ ဒီအစီအစဉ်မှာ နာမည်ကြီး K-pop အဖွဲ့များစွာ ပါဝင်ခဲ့ဖူး​ပေမဲ့ K-pop solo artist အ​နေနဲ့​ ဖိတ်​ကြားခံရတာတော့ Rosé က ပထမဦးဆုံး ဖြစ်ပါတယ်။

Rosé ဟာ မတ်လ ၂၉ ရက်​နေ့မှာ ထုတ်လွှင့်မယ့် “The Kelly Clarkson Show” အပိုင်းမှာ ပါဝင်မှာဖြစ်ပြီး အစီအစဉ်တင်ဆက်သူ Kelly Clarkson က Roséရဲ့ ​အောင်မြင်တဲ့ တစ်ကိုယ်​တော် ပွဲဦးထွက်အ​ကြောင်းနဲ့ ပထမဆုံး single album ဖြစ်တဲ့ “R” album အ​ကြောင်းကို အင်တာဗျူးပြုလုပ်မှာ ဖြစ်ပါတယ်။ ထို့အပြင် Rosé ပါဝင်မယ့် အပိုင်းမှာပဲ Breland ရဲ့ ​ဖျော်​ဖြေမှုနဲ့ Camilla Luddington, Andy Cohen နဲ့ Melissa King တို့ကလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL

Share