Baekhyun စစ်ထဲဝင်တော့မဲ့ အကြောင်း Lay သိသွားတဲ့အခါ ဘယ်လိုအားပေးခဲ့လည်းဆိုတော့…

မကြာသေးခင်က Baekhyun ဟာ Instagram မှာ live လွှင့်ရင်း ဒီလကုန်မှာ ထွက်မဲ့ သူ့ရဲ့ album အကြောင်းတွေ ပြီးတော့ သူ့ရဲ့ စစ်မှုထမ်းအကြောင်း အစရှိတာတွေကို ပရိသတ်တွေနဲ့ပြောဆိုမျှဝေခဲ့ပါတယ်။ EXO အဖွဲ့ရဲ့ Chinese member ဖြစ်တဲ့ Lay ကလည်း သူ့ညီရဲ့ Live ကိုကြည့်နေရင်း ခုလို cmt တွေ မန့်ခဲ့ပါတယ်။

Live ရဲ့ အစမှာ Baekhyun က Viewers တွေကို သူစကားပြောနေတာတွေ ကြားကြရဲ့လားလို့ မေးခဲ့ပါတယ်။ Lay ကလည်း “မင်းပြောတာကို ငါတို့ ကောင်းကောင်းကြားရတယ်” လို့ ပရိသတ်တွေနဲ့အပြိုင် cmt မန့်ခဲ့ပါတယ်။ ဒါ့အပြင် “Yah.. Baekhyun-ah … မင်းကြည့်ရတာ ပိန်သွားသလိုဘဲ” လို့ Baekhyun မျက်နှာလေးကို အရိပ်တကြည့်ကြည့် ကြည့်နေသလားအောက်မေ့ရအောင် Lay က cmt ထပ်မန့်ခဲ့ပါတယ်။

Live မှာ Baekhyun ဟာ သူ့ရဲ့ album အကြောင်း ပြောပြခဲ့သလို April လ ​လောက်မှာ စစ်မှုစထမ်းနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။Baekhyun ဟာ ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ပုံရပြီး စိုးရိမ်ကြောင့်ကြနေတဲ့ပုံဟာ Live ကြည့်နေတဲ့သူအပေါင်း ဝမ်းနည်းသွားရတဲ့အထိပါ။

“ကျွန်တော် ဒီအကြောင်းတွေကို EXO L တွေကို March လကုန်မှ ပြောရမလား နောက်ကျမှဘဲပြောရင် ကောင်းမလားဆိုပြီး စိုးရိမ်ရင်း တွေဝေပူပန်နေခဲ့သေးတယ်” ဆိုပြီး Baekhyun က ပြောတော့ ချက်ချင်းဆိုသလို Lay က “ဝမ်းမနည်းပါနဲ့” “အားတင်းထားပါ Baekhyun-ah” အစရှိသဖြင့် သူ့ညီလေးကို အစွမ်းကုန်အားပေးခဲ့ပါတယ်။

Lay ဟာ တကယ်ဆို ရေမြေခြားရောက်နေပြီး လတ်တလောမှာ Soloist အနေနဲ့ လှုပ်ရှားနေပေမဲ့ သူ့ရဲ့ EXO အဖွဲ့ဝင်တွေကိုတော့ မမေ့မလျော့ တတ်တဲ့သူပါ။ခုလည်း Baekhyun စစ်မှုထမ်းဝင်တော့မဲ့ အခြေအနေမှာ Baekhyun ကိုဂရုတစိုက်နဲ့ အားပေးစကားပြောခဲ့တာ ဖြစ်ပါတယ်။ EXO L တွေကတော့ ဒီ EXO member နှစ်ယောက်ရဲ့ interaction လေးကို ကြည်နူးနေကြမယ်လို့ ထင်ပါတယ်။

Source: Koreaboo
Written: Violet

Share