“Word of Honor” ဇာတ်လမ်းတွဲနဲ့ တဟုန်ထိုးနာမည်ကြီးလာခဲ့သူ Gong Jun ရဲ့ ဇာတ်ကောင်အပေါ်အတွေးအမြင်

ပရိသတ်တွေရဲ့အားပေးမှုကို အကြီးအကျယ်ရရှိခဲ့တဲ့ “Word of Honor” ဇာတ်လမ်းတွဲကတော့ အဓိကဇာတ်ဆောင်မင်းသားနှစ်ယောက်ရဲ့ အပေးအယူမျှမှုတွေကြောင့်ပဲ ပြသပြီးဆုံးသည့်တိုင်အောင် ပြောမဆုံးနိုင်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဒီဇာတ်လမ်းတွဲနဲ့ပဲ ၂၀၂၁ ရဲ့ ရေပန်းအစားဆုံးမင်းသားတစ်ယောက်ဖြစ်လာခဲ့သူ Simon Gong Jun က သူ့ရဲ့လက်တွေ့ဘဝနဲ့ ဇာတ်လမ်းထဲကဇာတ်ကောင်ကို နှိုင်းယှဥ်ပြောပြလာခဲ့ပါတယ်။

ဝိဉာဥ်လောကရဲ့အရှင်သခင် Wen Kexing အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Gong Jun ဟာ သူရဲ့လေးနက်တည်ကြည်တဲ့ပုံစံအပြင် ဆိုးပေပေပုံစံလေးနဲ့သရုပ်ဆောင်ချက်တွေနဲ့ပဲ မြောက်မြားစွာသောပရိသတ်ရဲ့အသည်းနှလုံးကို သိမ်းဆည်းနိုင်ခဲ့ပါတော့တယ်။

ဇာတ်ကောင်ကိုနားလည်ဖို့ရန်အတွက် Gong Jun ဟာ ဇာတ်ညွှန်းတစ်ခုလုံးကို အစအဆုံးဖတ်ခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ဇာတ်ကောင် Kexing ရဲ့သရုပ်ပီပြင်အောင် ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာကို ခံစားသိရှိသွားတယ်လို့ဆိုပါတယ်။

Gong Jun က “ကျွန်​တော်က ဖြူစင်ရိုးရှင်းတဲ့ဇာတ်ကောင်တွေကို တော်တော်များများသရုပ်ဆောင်ဖူးတယ်။ ဒါ့ကြောင့်မလို့ ဒီတစ်ခေါက်သရုပ်ဆောင်ရတဲ့ စရိုက်ကွဲနေတဲ့ဇာတ်ကောင်တစ်ခုကိုသရုပ​်ဆောင်ဖို့အတွက် အချိန်ယူခဲ့ရပါတယ်။ အချိန်ပေးရတာနဲ့အမျှ အားလုံးသဘောကျနေကြတဲ့ Kexing ဇာတ်ကောင်ကိုပုံဖော်ရတာကလည်း ရင်ဖိုရပါတယ်။

ကျွန်တော့်ရဲ့သရုပ်ဆောင်ချက်တွေကို အဆင့်သတ်မှတ်ပေးရရင်တော့ ကျွန်တော့်အတွက်က ၇၅မှတ် တိုးတက်လာမှုတွေအတွက်က ၂၅မှတ်ပေးမယ်။ ကျွန်တော်အကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဆိုပြီးတော့ ခံစားရတယ်။ ကျွန်တော့်ရဲ့ဇာတ်ကောင်နဲ့ တကယ့်လက်တွေ့ဘဝကိုနှိုင်းယှဥ်ကြည့်ရင်တော့ လုံးဝကိုဆန့်ကျင်ဖက်ပဲ။ ကျွန်တော်က တော်တော်လေးနွေးထွေတဲ့မိသားစုအသိုင်းအဝိုင်းမှာ ကြီးပြင်းလာသူပါ။

ဒီတော့ ဇာတ်ကောင် Kexing နဲ့ တခြားစီပဲ။ အသက်ငယ်ငယ်လေးနဲ့ မိဘတွေကိုဆုံးရှုံးလိုက်ရပြီး ထိပ်ဆုံးကိုရောက်ဖို့ကိုယ်တိုင်ကြိုးစားခဲ့ရတာဟာ သူ့အတွက်တော်တော်ရုန်းကန်ခဲ့ရမှာပါ။ ဒီလိုကြမ်းတမ်းတဲ့အခြေအနေတွေနဲ့ကြုံတွေခဲ့ရတဲ့ဇာတ်ကောင်ကို သရုပ်ဆောင်ရတာဖြစ်လို့ ကျွန်တော့်အတွက်တော့စိန်ခေါ်မှုကြီးတစ်ခုပါပဲ” လို့ သေသေချာချာလေးပြောပြလာခဲ့ပါတယ်။

Word of Honor ဇာတ်လမ်းထဲမှာတော့ ရောထွေးနေတဲ့စိတ်အခြေအနေပိုင်ရှင် Kexing ဟာ တည်ကြည်လေးနက်တဲ့ Zhou Zishu (Zhang Zheh​an) ရဲ့ အထိန်းချုပ်ခံရပြီးနောက် သူဟာ Kexing အတွက်လက်လွှတ်မခံနိုင်တဲ့ ထာဝရအလင်းရောင်လေးတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Gong Jun ကို သူ့အတွက်ကိုယ်ပိုင်အလင်းရောင်လေး ရှိသလားလို့ အမေးခံလိုက်ရပါတယ်။

ဒါကိုတော့ “လက်ရှိ ကျွန်တော့်ဘဝအတွက်အလင်းရောင်လေးကတော့ ကျွန်တော့်ရဲ့အလုပ်ပါပဲ။ အနာဂတ်မှာလည်း ရှေ့ဆက်ပြီးကြိုးစားနေဦးမှာပါ။ အကြောင်းပြချက်ကတော့ အလုပ်လုပ်စရာမရှိရင် နေမထိထိုင်မသာဖြစ်လာတယ်။ ဒီခံစားချက်ကြီးက မင်းသားတစ်ယောက်ဖြစ်လာတာဟာ ကျွန်တော့်အတွက်သင့်တော်ရဲ့လားဆိုပြီး သံသယတွေဝင်လာစေမိတယ်။

မသေချာမရောရာတဲ့အချိန်တွေရှိပေမဲ့လည်း ကျွန်တော့်မှာ ရွှင်လန်းတက်ကြွတဲ့ပင်ကိုယ်စရိုက်ရှိနေတော့ လျှင်လျှင်မြန်မြန်ပဲ ပြေပျောက်သွားတတ်ပါတယ်။ အခုလိုမျိုး စင်မြင့်ပေါ်မှာ တက်လှမ်းနိုင်လာတာကိုတွေးတောမိရင်တော့ ကံတရားက ကျွန်တော့်ကိုမျက်နှာသာပေးပါလားဆိုပြီးတွေးမိပါတယ်။ ကျွန်တော်ဟာ ကံကောင်းလှပါတယ်။

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုရရှိသလို ကျွန်တော့်ရဲ့ပျော်ရွှင်မှုတွေကို အတူမျှဝေနိုင်တဲ့အတွက် အလွန်ကျေနပ်မိပါတယ်။ အနာဂတ်ကိုမှန်းမျှော်ရင်း သရုပ်ဆောင်နယ်ပယ်မှာ အံမခန်းလောက်တဲ့အောင်မြင်မှုတွေရရှိဖို့ကြိုးစားနေပါမယ်” ဆိုပြီး Gong Jun က တွေးတွေးဆဆဖြေကြားပေးခဲ့တာကြောင့် အားပေးနေကြတဲ့ပရိသတ်ကြီးတို့လည်း အနာဂတ်မှာ Gong Jun ကို အားပေးရင်း ပျော်ရွှင်မှုတွေရရှိနိုင်ပါစေ။

Source: Jynestar
Photos: Weibo
Written: Nay Chi

Share