TWICE’s Sana အတွက် Idol တစ်ယောက်ဖြစ်လာခြင်းဟာ သူမကို ဘယ်လိုမျိုး ပြောင်းလဲသွားစေခဲ့သလဲ

TWICE အဖွဲ့ရဲ့ Sana လေးရယ်လို့ အဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့တာဟာ သူမအတွက် အပြောင်းအလဲကြီးဖြစ်စေခဲ့ပုံပါပဲ။ JYP Entertainment က မကြာသေးခင်ကပဲ “JYP EDM DAY”ဆိုတဲ့အစီအစဥ်ကို ပြုလုပ်ခဲ့ပြီး ကိုယ်ပိုက် YouTube channel ကိုလည်း Park Jin Young က စတင်ပြုလုပ်ခဲ့ပါတယ်။

ထိုအစီအစဥ်မှာတော့ သူနဲ့ အခြားသော JYP မှ အနုပညာရှင်တွေဟာ အေဂျင်စီရဲ့ “Every Dream Matters” နဲ့ပတ်သက်ပြီးပြောဆိုဆွေးနွေးကြပါတယ်။ အစီအစဥ်အတွက် ပထမဆုံးပါဝင်ခဲ့တဲ့ Idol တွေကတော့ 2PM ရဲ့ Wooyoung နဲ့ TWICE ရဲ့ Sana လေးတို့ပါပဲ။ သူတို့နှစ်​ယောက်ကတော့ သူတို့ရဲ့ကိုယ်ပိုင်အဖွဲ့တွေနဲ့အတူ ပရဟိတလုပ်ခဲ့တဲ့အကြောင်းတွေကို ဝေမျှပေးခဲ့ပါတယ်။

Sana ကတော့ သူမဟာ TWICE အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ပြီးတဲ့နောက် ပရဟိတလုပ်ဖို့အတွကခ ဆေးရုံကို ၂ ကြိမ်သွားခဲ့ပြီး ကလေးသူငယ်ကုသဆောင်က ကလေးငယ်လေးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ “ပွဲဦးထွက်ပြီးနောက် ကျွန်မတို့အဖွဲ့က ဆေးရုံကို ၂ကြိမ်တိုင်သွားရောက်ခဲ့တယ်။

ကျွန်မတို့ရဲ့ပွဲဦးထွက်သီချင်းလေးနဲ့ ဖျော်ဖြေပေးခဲ့သေးတယ်။ အဲ့တုန်းက “JYP က ဒီလိုမျိုးတွေလည်း လုပ်ပါလား” ဆိုပြီး တွေးခဲ့မိတယ်။ ကျွန်မကိုယ်တိုင်ပွဲဦးထွက်ပြီးတဲ့နောက် ကလေးသူငယ်ကုသဆောင်ကိုသွားပြီး ပရဟိတလည်းလုပ်၊ ဖျော်ဖြေရေးလည်းလုပ်ပေးခဲ့ရင်း ကျွန်မကို ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာစေခဲ့တာပဲဆိုပြီး အတွေးဝင်လာခဲ့တယ်။

ပွဲဦးမထွက်ခင်နဲ့ ပွဲဦးထွက်ပြီးခါစအချိန်တုန်းက ကျွန်မဟာ ကျွန်မအတွက်ပဲ​တွေးတတ်တဲ့လူတစ်ယောက်ပါ။ အဆိုတော်တစ်ယောက်ဖြစ်လာရင် ကျွန်မပြောလိုက်တဲ့စကားတွေဟာ အားပေးသူပရိသတ်တွေကို လွှမ်းမိုးနိုင်တယ်ဆိုတာကို သိရှိလာတယ်။

ဒါကြောင့်မို့လို့ ကျွန်မရဲ့အပြုအမူတွေနဲ့ပတ်သက်ပြီး ဂရုစိုက်ရမယ်​ဆိုတာကို နားလည်လာတယ်။ တာဝန်တစ်ခုရှိလာသလိုခံစားရပြီး ဒါကလည်း ကျွန်မကို အရင်ကထက်ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာစေပါတယ်” လို့ ပြောင်းလဲခဲ့တဲ့သူမရဲ့ဘဝနဲ့ ခံယူချက်တွေကို Sana လေးက ဖွင့်ဟလာခဲ့ပါတယ်။

အနုပညာရှင်တွေရဲ့ အပြုအမူ၊ အပြောအဆိုတွေဟာ အားပေးသူတွေအတွက်တော့ အားဆေးလေးတစ်ခုပါပဲ။ Sana လေးအတွက်တော့ TWICE အဖွဲ့နဲ့အတူ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလမ်းခရီးကိုလျှောက်လှမ်းနိုင်ခြင်းဟာ ကိုယ်တိုင်အတွက်ကော၊ အားပေးသူတွေအတွက်ပါ ကောင်းမွန်တဲ့ပြယုဂ်လေးတစ်ခုဖြစ်နေတော့မှာပါပဲ။

Source: Koreaboo
Photos: TWICE fandom
Written: Nay Chi

Share