James Jirayu နှင့် သူ၏တွဲဖက်သရုပ်ဆောင် ခေါင်းဆောင်မင်းသမီးချောလေး (၈) ဦး

အပြုံးချိုချိုလေးနဲ့ သရုပ်​ဆောင်ကောင်းတဲ့ နာမည်ကြီးမင်းသားချော James Jirayu ကတော့ ဇာတ်လမ်းပေါင်းများစွာ ရိုက်ကူးထားသူဖြစ်ပါတယ်။ တွဲဖက်သရုပ်ဆောင်မင်းသမီးတွေထဲကမှ ၈ယောက်သော မိန်းမလှလေးတွေကတော့ James နဲ့ လိုက်ဖက်တယ်ဆိုပြီး ပရိသတ်တွေက ထောက်ခံထားကြပါတယ်။

Bella Ranee

နာမည်ကြီးမင်းသမီး Bella Ranee ကတော့ James Jirayu အတွက် အကောင်းဆုံးတွဲဖက်သရုပ်ဆောင်မင်းသမီးလေးဆိုပြီး အများကလက်ခံထားကြပါတယ်။ James ဟာ Bella နဲ့အတူ “Suparburoot Jutathep: Khun Chai Puttipat”, “Padiwarada” နဲ့ “Krong Karm” စတဲ့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေလည်း အကြိုက်တွေ့ခဲ့ကြပါတယ်။

Punch Vorakarn

သရုပ်ဆောင်ကောင်းလှတဲ့မင်းသား James ဟာ အရည်အချင်းရှိတဲ့ အဆိုတော်သရုပ်ဆောင်အနုပညာရှင် Punch Vorakarn နဲ့ 2013 တုန်းက “Ruk Sutrit” ဆိုတဲ့ ဇာတ်လမ်းကိုအတူရိုက်ကူးခဲ့ပြီး တွဲဖက်သရုပ်ဆောင်တွေရဲ့အပေးအယူရှိရှိ ရိုက်ချက်တွေကြောင့်ပဲ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။

Yaya Urassaya

ထိပ်တန်းအနုပညာရှင်တွေရယ်လို့ နာမည်ကြီးတဲ့ James နဲ့ Yaya Urassaya ကတော့ ဇာတ်လမ်းအတူရိုက်ကူးခဲ့ပြီး ပရိသတ်တွေကတော့ ထိုဇာတ်လမ်းကို စွဲလမ်းခဲ့ကြပါတယ်။ 2015 တုန်းက Remake Drama ဖြစ်တဲ့ “Neung Nai Suang” ကို ရိုက်ကူးခဲ့ပြီး ကြည့်ရှုသူတွေရဲ့ ချီးမွမ်းအားပေးမှုကို အများအပြားရရှိခဲ့တာပါ။

Kimmy Kimberley

တွဲဖက်မင်းသားတိုင်းနဲ့ အတွဲညီညီရိုက်ကူးနိုင်တယ်လို့ နာမည်ကြီးသူလေး Kimmy Kimberley ကတော့ 2017 တုန်းက “Buang Hong” ဆိုတဲ့ Remake ဒရမ်မာကို James နဲ့အတူ ရိုက်ကူးခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတော့တယ်။

Taew Natapohn

Taew Natapohn ကတော့ James အတွက် နောက်ထပ် အကောင်းဆုံးတွဲဖက်သရုပ်ဆောင်မင်းသမီးလေးပါပဲ။ သုံးကြိမ်တိုင်တိုင်အတူတွဲဖက်ရိုက်ကူးခဲ့ဖူးပြီး သူတို့ရဲ့ “Nueng Dao Fah Diew”, “Game Sanaeha” နဲ့ “Leh Bunpakarn” ဇာတ်လမ်းတွေကတော့ နာမည်ကြီးတွေပဲဖြစ်ပါတယ်။

Ice Preechaya

၂၀၂၀ တုန်းကမှ James မင်းသမီး Ice Preechaya နဲ့အတူ “Payakorn Sorn Ruk” ဇာတ်လမ်းကို ရိုက်ကူးခဲ့ဖူးပြီး သူတို့နှစ်ယောက်ရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ရေပန်းစားခဲ့ပါတယ်။

Anne Thongprasom & Gina Yeena

လတ်တလောမှာတော့ James Jirayu ဟာ ဇာတ်လမ်းသစ် ၂ခုဖြစ်တဲ့ “Pitsawart Kartagame” နဲ့ “Karat Ruk” ကို Gina Yeena နဲ့ Anne Thongprasom တို့နဲ့အတူ ရိုက်ကူးနေပြီး ပရိသတ်တွေကတော့ စိတ်ဝင်တစားနဲ့စောင့်မျှော်နေကြပါတော့တယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share