Rosé က သူမရဲ့ တစ်ကိုယ်တော်ပွဲဦးထွက်သီချင်းကို “On The Ground” အဖြစ် ရွေးချယ်လိုက်ရတဲ့အကြောင်းအရင်း

BLACKPINK ရဲ့ နူးညံ့ချိုသာတဲ့အသံပိုင်ရှင်လေး Rosé ကတော့ Solo debut လုပ်ခဲ့ပြီး သူမရဲ့သီချင်းလေးတွေကလည်း ကမ္ဘာအနှံ့မှာ နာမည်ကျော်ကြားအောင်မြင်မှုရနေတာဖြစ်ပါတယ်။ ဒီ့အတွက် Rosé က သူမရဲ့ Solo debut သီချင်းလေးအတွက် တခြားသီချင်းမဟုတ်ဘဲ “On The Ground” ကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းအရင်းကို ပြောပြလာခဲ့ပါတယ်။

Rosé ဟာ သူမရဲ့ solo debut နဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုကိုလက်ခံ​ပြုလုပ်ခဲ့ပြီး သူမရဲ့သီချင်းလေးကနေ ပရိသတ်တွေထံပေးချင်တဲ့ ရည်ရွယ်ချက်လေးကိုပြောပြခဲ့တာပါ။ “ကျွန်မက On the Ground သီချင်းနဲ့မဟုတ်ဘဲ တခြားအချစ်သီချင်းတစ်ပုဒ်ပုဒ်နဲ့ ပွဲထွက်လာမယ်လို့ထင်ခဲ့တာဆိုပြီး တစ်စုံတစ်ယောက်ကပြောလာခဲ့ပါတယ်။  သူကိုယ်တိုင်ကလည်း ကျွန်မဟာဒီသီချင်းကိုရွေးချယ်လိုက်လို့ အံ့သြသွားခဲ့ရပုံပဲ။

ရွေးရတဲ့အကြောင်းအရင်းကိုတောင်မေးခဲ့ပါသေးတယ်။ ကျွန်မဟာ On the Ground သီချင်းကိုရွေးချယ်လိုက်ရတာကတော့ ဒီသီချင်းက တော်တော်ကိုအားကောင်းတဲ့သီချင်းလေးဖြစ်ပြီး သီချင်းလေးကိုနားဆင်ရင်း ပရိတ်သတ်တွေလည်း တစ်ခုခုခံစားရရှိသွားကြမှာပါ။ အဲ့အတွက်လည်း အလွန်ကျေနပ်သလို ရင်ခုန်နေရတာပါပဲ” ဆိုပြီး Rosé က ရှင်းပြခဲ့ပါတယ်။

Rosé ဟာ -R- ဆိုတဲ့ Solo Album နဲ့ တစ်ကိုယ်တော်ပွဲထွက်ခဲ့ပြီး title track “On The Ground” နဲ့ B-Side track “Gone” ကလည်း ပရိသတ်တွေရဲ့ အသည်းစွဲသီချင်းလေးတွေဖြစ်နေပါတယ်။ Rosè ပြောသလိုပဲ On the Ground သီချင်းဟာ နားထောင်ကြည့်ရင်း အဓိပ္ပါယ်များစွာပါနေတဲ့သီချင်းလေးဖြစ်တာမို့လို့ နားဆင်မိသူတိုင်း စိတ်ကျေနပ်မှုရရှိစေနိုင်မှာဖြစ်ပါတယ်။

Source: Koreaboo
Photos: BLACKPINK daily
Written: Nay Chi

Share