စစ်မှုထမ်းတာဝန်ထမ်းဆောင်တော့မယ့်အကြောင်း ပြောပြလာတဲ့ EXO ရဲ့ Baekhyun

Baekhyun ကတော့ EXO အဖွဲ့ရဲ့ စစ်မှုထမ်းတာဝန် ထမ်းဆောင်တော့မယ့် ၆ ယောက်မြောက် အဖွဲ့ဝင် ဖြစ်လာခဲ့ပါပီ။ ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့ Instagram live မှာ Baekhyun ကိုယ်တိုင်ပဲ ပြောပြသွားခဲ့တာပါ။ Baekhyun ပြောသွားခဲ့တာကတော့သူဟာ စစ်မှုထမ်းတာဝန်ရွှေ့ဆိုင်းမှုကို မတ်လကုန်ထိပဲ လုပ်နိုင်တော့ပါမယ်တဲ့။

ဒါ့ကြောင့် Baekhyun ဟာ April လမှ စလို့ စစ်မှုထမ်းတာဝန် ထမ်းဆောင်တော့မယ့်အကြောင်း သူ့ရဲ့ ပရိသတ်တွေကို ကိုယ်တိုင်ပဲ ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။ Baekhyun ဟာ သူ့ရဲ့ သီချင်းသစ်ကို ထုတ်ပေးဖို့ ရှိနေပြီး စစ်မှုထမ်းတာဝန် မထမ်းဆောင်ခင် သူ့ရဲ့ သီချင်းသစ်အတွက် ကြိုတင်ပြင်ဆင် ရိုက်ကူးရေးတွေ လုပ်ဆောင်ခဲ့ပီး Youtube နဲ့ အခြားနေရာများမှတစ်ဆင့် ပရိသတ်တွေ ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါသေးတယ်။

ဒါ့ကြောင့် Baekhyun ဟာ EXO အဖွဲ့မှာ ၆ ယောက်မြောက် စစ်မှုထမ်းတာဝန် ထမ်းဆောင်သူ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဖွဲ့ဝင် D.O နဲ့ Xiumin တို့ကတော့ စစ်မှုထမ်းတာဝန် ထမ်းဆောင်မှု ပြီးမြောက်သွားပီ ပဲ ဖြစ်ပါတယ်။ Suho နဲ့ Chen ကတော့ စစ်မှုထမ်းတာဝန် ထမ်းဆောင်နေဆဲပါ။

Chanyeol ကတော့ မတ်လကုန်မှာ စစ်မှုထမ်းတာဝန် စတင်သွားမယ်လို့ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ EXO အဖွဲ့ဝင်အားလုံး စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးဆုံးပြီး EXO ရဲ့ OT9 comeback ကို မြင်တွေ့ခွင့်ရမယ့် နေ့ကို တူတူစောင့်စားရအောင်နော်။

Source: Koreaboo
Photo: Naver
Written: Gyi Gyi

Share