ရှေ့ဆက်မဲ့တစ်ကိုယ်တော်လှုပ်ရှားမှုတွေအတွက် စိတ်လှုပ်ရှားစွာပြောပြခဲ့တဲ့ GOT7 အဖွဲ့ဝင် Jackson Wang

GOT7 အဖွဲ့ရဲ့ ဟောင်ကောင်နိုင်ငံသား Jackson ကတော့ အမျိုးသားဖက်ရှင်မဂ္ဂဇင်း L’Officiel Hommes မှာ တင့်တယ်ခန့်ညားခြင်း၊ နူးညံ့ညင်သာခြင်း အစရှိတဲ့ခံစားချက်တွေပေးစွမ်းနိုင်တဲ့ဓာတ်ပုံရိုက်ကူးရေးပြုလုပ်ခဲ့ပြီးတဲ့နောက် တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေတဲ့အကြောင်းကို interview မှာ ပွင့်ပွင့်လင်းလင်းပဲ ပြောပြလာပါတော့တယ်။

တစ်ကိုယ်တောင်အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့ Jackson က “အနုပညာလောကထဲမှာ တစ်ကိုယ်တော်လှုပ်ရှားရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားသလို ကောင်းမွန်လတ်ဆတ်တဲ့ အစပျိုးမှုလေးတစ်ခုဖြစ်လာဖို့ တကယ်ကြီးကိုမျှော်လင့်နေတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အဆိုတော်တစ်ယောက်အဖြစ် ကျွန်တော့်ရဲ့အနုပညာခြေလှမ်းကို စတင်ခဲ့တယ်။ ကိုရီးယားက ကျွန်တော့်ရဲ့အားပေးသူလေးတွေကိုလည်း အထူးကျေးဇူးတင်သလို သူတို့လေးတွေကိုမြတ်နိုးတန်ဖိုးထားမှုကလည်း ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘဲ ခိုင်မြဲနေမှာပါ။

လာမဲ့နွေဦးမှာ single album ထွက်ဖို့ရှိနေပါတယ်။ လက်ရှိမှာ ကျွန်တော်က လမ်းကြောင်းသစ်တစ်ခုပေါ်မှာရောက်နေတာဆိုတော့ တော်တော်ကြီးကိုအလုပ်ကြိုးစားထားပါတယ်။ ပရိသတ်တွေလည်း ကျွန်တော့်ရဲ့သီချင်းလေးကိုနားဆင်ပြီး ကြိုက်နှစ်သက်ကြဖို့ မျှော်လင့်ပါတယ်။

အသစ်ထွက်လာမဲ့ MV တွေအတွက် စိတ်ရောကိုယ်ရောနှစ်ပြီး အားထုတ်ထားတာပါ။ ကျွန်တော့်ရဲ့သီချင်းရိုက်ကူးမှုအတွက် ဇာတ်ညွှန်းတွေကိုလည်း အမြဲတမ်း ကျွန်တော်ကိုယ်တိုယ်ရေး၊ solo album တွေအတွက် ကိုယ်တိုင်ညွှန်ကြားရင်း အလုပ်ကြိုးစားနေခဲ့တာပေါ့နော်။ အချိန်တိုင်းက ဒါပေမဲ့လည်း တကယ်ကို လုပ်ရကျိုးနပ်သလို ပျော်စရာကောင်းပြီး ကျေနပ်ရပါတယ်” လို့ အင်တာဗျူးကို စိတ်လှုပ်ရှားစွာနဲ့ပြောပြနေခဲ့ပါတော့တယ်။

Jackson ကတော့ အနုပညာလှုပ်ရှားမှုတွေအပြင် စီးပွားရေးနယ်ပယ်မှာပါ နာမည်ရနေ​တဲ့ စိန်ခေါ်မှုတွေနဲ့ပြည့်နေတော့တာပဲ။အဆိုတော်တစ်ယောက်ဖြစ်ပြီး တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေအတွက်ပါ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ GOT7 အဖွဲ့ဝင်၊ အချစ်ခံလူသားလေးတစ်ယောက်ပဲဖြစ်ပါတော့တယ်။

Source: Soompi
Photos: TeamWang
Written: Nay Chi

Share