Kai ရဲ့ ငယ်ငယ်တုန်းကပုံလေးတွေက K netizen တွေကြားမှာ ဘယ်လို hot သွားလည်း ဆိုတော့…

မကြာသေးခင်ကဘဲ “EXO’s Kai’s new past photos” ဆိုတဲ့ ခေါင်းစဉ်နဲ့ online search မှာ ရေပန်းစားခဲ့ပါတယ်။ ဘယ်သူမှ မမြင်ဖူးသေးတဲ့ Kai ရဲ့ ကလေးဘဝတုန်းက ပုံနှစ်ပုံဟာ online မှာ ပျံ့နှံ့လာပြီးမကြာ ခုလို Hot Search ဖြစ်ခဲ့တာပါ။ တစ်ပုံက Kai က puppy လေးပိုက်ထားတဲ့ပုံဖြစ်ပြီး ကျန်တစ်ပုံကတော့ Kai က ခပ်မိုက်မိုက် Style နဲ့ အကြည့်စူးစူးကြည့်နေတဲ့ ပုံလေး ဖြစ်ပါတယ်။

Kai ရဲ့ Photogenic ဖြစ်ချက်ကတော့ ငယ်ငယ်တုန်းက ပုံမှာတောင် အရမ်းကြည့်ကောင်းပြီး Charisma အပြည့်နဲ့ ရှိနေတာကို မြင်တွေ့ရမှာပါ။ ပုံတွေနဲ့ပက်သက်ပြီး K netizen 100 ကျော်လောက်ကလည်း ခုလို comments မျိုးတွေ ပေးခဲ့ကြပါတယ်။

“ကလေးလေးရဲ့ ခြေဆံလက်ဆံတွေကို ကြည့်ပါအုံး” “သူ့ရဲ့လက်မောင်းတွေ ရှည်လျားပုံကို ကြည့်ကြည့်…” “သူက နည်းနည်းလေးတောင်မပြောင်းသွားဖူးဘဲ.. lol …အရမ်းချစ်ဖို့ကောင်းတာဘဲ” “Wow….သူ့ရဲ့အချိုးအစားက မိုက်လိုက်တာ”

“ Kai ကလေ Anime ထဲက ခုန်ထွက်လာတဲ့ Cool ဖြစ်တဲ့ မူလတန်းကျောင်းသားလေး ကျနေတာဘဲ” “Omg… ကလေးတစ်ယောက်က ဘာလို့ ဒီလောက်တောင် အရမ်းမိုက်တဲ့ vibes ရှိနိုင်ရတာလည်း”
“ချစ်ဖို့ကောင်းလိုက်တဲ့ Baby လေး … uwu”

Kai ရဲ့ ဓာတ်ပုံတွေကတော့ K netizen တွေရဲ့ မှတ်ချက်ကောင်းတွေ ခုလိုအများကြီးရရှိခဲ့ပါတယ်။ ဒီပုံလေးတွေကြည့်ပြီး Kai ဟာ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ မွေးဖွားလာတဲ့ အတိုင်းပါဘဲ။ ငယ်ပုံရိပ်တွေနဲ့တောင် ဒီလောက်ဖမ်းစားနိုင်ရင် ခုလို အတောင်အသွေးအမွေးစုံနေပြီဖြစ်တဲ့ Idol အရွယ်မှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်နေတာ မဆန်းတော့ပါဖူး။

Source: Allkpop
Written : Violet

Share