ဒီနှစ်မှာ အသက် ၃၀ ပြည့်တော့မဲ့ Baekhyunee ပြောတဲ့ သူ့ရဲ့အတိတ်နဲ့ အနာဂတ် Plan အကြောင်း

W Korea Magazine အတွက် Baekhyun က သီးသန့် Photo များ ရိုက်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်တွေမှာ တောက်လျှောက်လုပ်ကိုင်ခဲ့တဲ့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ အသက် ၃၀ မပြည့်ခင် လုပ်သွားမဲ့ သူ့ရဲ့ Goal တွေ အစရှိတာတွေကို interview ဖြေပေးခဲ့ပါတယ်။

ဒီနှစ်တွေအတွင်းမှာ Baekhyun ဟာ Soloist အနေနဲ့ လှုပ်ရှားနေသူဖြစ်ပါတယ်။ အမြဲ Schedule တွေ ပြည့်နေလျှက်ရှိပြီး တခါတရံမှာ သူ့ရဲ့ members တွေမပါဘဲ တစ်ယောက်တည်း လုပ်ကိုင်နေရတာ အထီးကျန်ပြီး ခက်ခဲကြောင်း ဆိုပါတယ်။ ဒါပေမဲ့ Solo album နှစ်ချပ် ထွက်ပြီးတဲ့နောက်မှာတော့ တစ်ယောက်တည်း လုပ်ရကိုင်ရတာ လွယ်ကူလာပြီဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

2020 မှာ Covid-19 ကြောင့် လူတစ်ဦးနဲ့တစ်ဦး အထိအတွေ့ အသွားအလာအကန့်အသတ်တွေ ရှိနေတာတောင် Baekhyun ဟာ OST သီချင်းတွေ သူ့ရဲ့ solo album တွေနဲ့ online concert အထိပါလုပ်ပြီး အလုပ်ရှုပ်နေခဲ့တယ်လို့ ဆိုပါတယ်။

အရင်လို ပရိသတ်တွေနဲ့ အပြင်မှာ မတွေ့ဆုံနိုင်ပေမဲ့ online ကနေ တဆင့်တော့ ပရိသတ်တွေနဲ့ ထိတွေ့ချင်လို့ အလုပ်ကြိုးစားနေတာ ဖြစ်ကြောင်း ခုလိုဆိုပါတယ်။“ဒီနည်းလမ်းကဘဲ ကျွန်တော့်ရဲ့ အသံကို ပရိသတ်တွေ နားဆင်နိုင်မဲ့ နည်းလမ်းလို့ ကျွန်တော်ထင်တယ်။ Drama တွေနဲ့ Netflix ကို ကျွန်တော်နဲ့ အတူကြည့်နေတယ် ဆိုတဲ့ ခံစားချက်လိုမျိုး ခံစားလို့ရမှာပါ”

Social Distancing ကြောင့် အနုပညာရှင် တွေဟာ Concerts တွေ fan meeting တွေ အပြင်မှာ မကျင်းပနိုင်ကြပါဖူး။Baekhyun ကတော့ members တွေနဲ့ Stage ပေါ်မှာ အတူတူ ဖျော်ဖြေခဲ့တာတွေ လွမ်းမိကြောင်း ဆိုပါတယ်။ ဘယ်လောက်တောင်လည်းဆို online မှာ ပြန်တင်ထားကြတဲ့ သူတို့ရဲ့ Concert Video တွေကိုတောင် ပြန်ကြည့်နေမိကြောင်း ဟာသဖောက်ခဲ့ပါတယိ။

ဒါ့အပြင် Baekhyun ဟာ ဒီနှစ်မှာ အသက် ၃၀ ပြည့်တော့မှာနဲ့ ပက်သက်ပြီး သူ့ရဲ့ အနာဂတ် plan အကြောင်း ခုလို ဆက်လက်ပြောပြခဲ့ပါတယ်။ လူတိုင်းဟာ ဒီ အသက် 30 ပြည့်နှစ်ကို အမြင်အမျိုးမျိုး ခံယူချက်အမျိုးမျိုး ရှိကြပေမဲ့ သူကတော့ ဒါဟာ သူ့အတွက် “ဘဝအစ” ဆိုပြီး ယုံကြည်ကြောင်း ဆိုပါတယ်။

ရှေ့ဆက်လျှောက်ရမဲ့ ဘဝခရီးလမ်းဟာ ရှည်လျားတဲ့အတွက် သူ့ရဲ့ကျန်းမာရေးကိုကောင်းကောင်းဂရုစိုက်ပြီး သီချင်းဘဲ ဆက်ဆိုသွားချင်ကြောင်း ပြောပြခဲ့ပါတယ်။ “အသက်၃၀ ပြည့်တော့မဲ့ Baekhyun ကို ဆက်လက်စောင့်ကြည့်​ပေးကြပါအုံးခင်ဗျာ” ဆိုပြီး interview ကို အဆုံးသတ်ခဲ့ပါတယ်။

Source: Koreaboo
Written: Violet

Share