EXO အဖွဲ့ဝင် D.O. ရဲ့သီချင်းကို Cover Song ပြန်ဆိုခဲ့တဲ့ IZ*ONE အဖွဲ့ဝင် Japan မလေး Sakura

IZ*ONE အဖွဲ့ဝင်ဖြစ်တဲ့ Sakura ဟာ သူမရဲ့ 23 နှစ်မြောက်မွေးနေ့လေးမှာ Fan တွေအတွက် လက်ဆောင်ဆိုပြီး EXO အဖွဲ့ဝင် D.O. ရဲ့ သီချင်းကို Cover သီဆိုထားတဲ့ Video လေးကို တင်ပေးခဲ့ပါတယ်။ သီချင်းကတော့ 2019 တုန်းက SM Entertainment ရဲ့ Station 3 project အတွက် D.O. solo ဆိုခဲ့တဲ့ “That’s Okay” ဖြစ်ပါတယ်။

ဒီသီချင်းလေးဟာ Idol တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ healing song လည်း ဖြစ်ပါတယ်။ Sakura ဟာ Video နဲ့အတူ Message လေးကို ခုလိုတင်ပေးခဲ့ပါသေးတယ်။ “ဒါလေးဟာ WIZ*ONE တွေအတွက် Sakura ပြင်ဆင်ခဲ့တဲ့ Small Gift လေးတခုပါ။

D.O. Sumbaemim ရဲ့ That’s Okay သီချင်းစာသားတွေက ကျွန်မနဲ့တိုက်ဆိုင်နေတဲ့အတွက် Cover Song ပြန်ဆိုခဲ့ပါတယ်။ ကျွန်မ သီချင်းဆိုစွမ်းရည် မရင့်ကျက်သေးပေမဲ့ စိတ်နှလုံးသားနှစ်ပြီး သီဆိုထားပါတယ်။ ကျေးဇူးပြု၍ နားထောင်ပေးကြပါနော်”

Sakura ဟာ IZ*ONE သီချင်းတွေထဲမှာ စာသားရရှိမှု သီဆိုရမှု အနည်းဆုံး ဖြစ်လို့ Sakura ရဲ့ Japan ပရိသတ်တွေဟာ အဖွဲ့ထဲက ထွက်ဖို့အထိ တိုက်တွန်းခဲ့တာမျိုးတွေ မနှစ်က ရှိခဲ့ပါတယ်။ ဒါပေမဲ့ Sakura ကတော့ Bighit Label နဲ့ မကြာသေးခင်က စာချုပ်ချုပ်ဆိုလိုက်ပြီး ရှေ့လျှောက် အနုပညာလုပ်ငန်းတွေ လက်တွဲလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

Source: Allkpop
Written: Violet

Share