သမီး​​လေးရဲ့ ​မွေး​နေ့ပွဲကို ဇိမ်ခံဟိုတယ်ကြီးတစ်ခုမှာ ပြုလုပ်​ပေးခဲ့တဲ့ EXO အဖွဲ့ဝင် Chen

Sports KyungHyang သတင်းဌာနရဲ့ ​သတင်းထုတ်ပြန်ချက်အရ EXO အဖွဲ့ဝင် Chen ဟာ မကြာ​သေးခင်ကပဲ သူ့ရဲ့ သမီး​လေးရဲ့ ​​မွေး​နေ့မင်္ဂလာကို Doljanchi လို့ ​ခေါ်တဲ့ ကိုရီးယားထုံးတမ်းစဉ်လာအတိုင်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထို​မွေး​နေ့ပွဲကို Seoul မြို့မှာရှိတဲ့ Shilla Hotel ဆိုတဲ့ ဇိမ်ခံဟိုတယ်ကြီးတစ်ခုမှာ မိသားစုဝင်များနဲ့သာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ ထို​နေ့မှာ Chen နဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ Hanbok လို့​ခေါ်တဲ့ ကိုရီးယားရိုးရာဝတ်စုံကို ဝတ်ဆင်ခဲ့ကြပါတယ်။

Chen ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ လက်ထပ်ခဲ့ပြီး သမီးဦး​လေးကို ဧပြီလမှာ ​မွေးဖွားခဲ့ပါတယ်။ ထို့​နောက် ၂၀၂၀ ခုနှစ် ​အောက်တိုဘာလမှ စစ်မှုထမ်းဖို့ တာဝန်ကျခဲ့တာ​ကြောင့် ဒီ​မွေး​နေ့ပွဲကို က​ျင်းပဖို့ စစ်တပ်က​နေ ခွင့်ယူခဲ့တယ်လို့လည်း သိရပါတယ်။ ​

မွေး​နေ့ပွဲမှာ Chen နဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ သူတို့ရဲ့ မိဘနှစ်ပါးကို ​ကျေးဇူးတင်​ကြောင်း ​ပြောခဲ့ကြပြီး သူတို့ရဲ့ သမီး​လေးအတွက် မိဘ​ကောင်း​တွေဖြစ်​အောင် ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Share