ကမ္ဘာကျော် Louis Vuitton Brand ရဲ့ Global Ambassador တွေဖြစ်လာပီဖြစ်တဲ့ BTS

ကမ္ဘောကျော် Luxury brand တစ်ခုဖြစ်တဲ့ Louis Vuitton ကတော့ BTS အဖွဲ့ဝင် ၇ ယောက်ကို LV ရဲ့ Global Ambassador အဖြစ် ခန့်အပ်လိုက်ပီဖြစ်ကြောင်း ကြေညာလိုက်ပါပီ။ LV ကတော့ BTS ကို ခန့်အပ်လိုက်ပီဖြစ်ကြောင်း ဒီလိုပဲ ကြေညာခဲ့ပါတယ်။

” Billboard စံချိန်များ နဲ့ ဂင်းနစ်စံချိန်များစွာကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် BTS အဖွဲ့နဲ့အတူ လျှောက်လှမ်းရမယ့် ခရီးစဉ်အသစ်ကို Louis Vuitton မှ မျှော်လင့်စောင့်စားနေပါပီ” လို့ ကြေညာခဲ့တာပါ။

Louis Vuitton အမှတ်တံဆိပ်ရဲ့ အမျိုးသား အဝတ်အစားဒီဇိုင်းတို့ရဲ့ Artistic Director ဖြစ်တဲ့ Virgil Abloh ကလည်း BTS ကို ဒီလို ကြိုဆိုခဲ့ပါသေးတယ်။ ” ကျွန်တော်တို့ LV ကို Ambassador တွေအနေနဲ့ လက်တွဲလာပြီ ဖြစ်တဲ့ BTS ကို နွေးနွေးထွေးထွေး ကြိဆိုလိုပါတယ်။

BTS နဲ့အတူ လက်တွဲအလုပ်လုပ်ဖို့အတွက်လည်း မျှော်လင့်စောင့်စားနေပါပီ။ BTS နဲ့အတူ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပရောဂျက် အသစ်တွေကိုလည်း အမြန်ဆုံး ချပြလိုပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ BTS အဖွဲ့မှလည်း “Louis Vuitton ရဲ့ Ambassador တွေအနေနဲ့ ခန့်အပ်ခြင်း ခံရတာဟာ ကျွန်တော်တို့ BTS အဖွဲ့အတွက် အမှတ်ရနေမယ့် အခိုက်အတန့်ပါပဲ။

Virgil Abloh နဲ့ လက်တွဲပြုလုပ်ရမယ့် ပရောဂျက်တွေကိုလည်း မျှော်လင့်စောင့်စားနေပါတယ်” လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။ ကမ္ဘောကျော် LV brand ရဲ့ မျက်နှာဖုံးရှင် Ambassador တွေဖြစ်လာတဲ့ BTS အတွက်တော့ ဂုဏ်ယူမဆုံး ဖြစ်မိပါတယ်။

Source: Soompi
Photo: Louis Vuitton
Written: Gyi Gyi

Share