“Love by Chance” ထဲက မင်းသား Mean Phiravich ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့တဲ့ သူ့ရဲ့အချစ်ရေး

၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Love by Chance” ဇာတ်လမ်းတွဲထဲမှာ Tin အဖြစ် သရုပ်ဆောင်ရင်း လူသိများလာခဲ့တဲ့ မင်းသားချော Mean Phiravich ကတော့ ၂၀၂၀ မှာလည်းပဲ “My Bubble Tea” နဲ့ “Love by Chance 2” ဇာတ်လမ်းတွဲတို့နဲ့အတူ ပိုမိုကျော်ကြားလူကြိုက်များလာခဲ့တာပါ။

April လအတွင်းမှာပြုလုပ်ခဲ့တဲ့ Interview တစ်ခုမှာတော့ Mean ဟာ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ရိုးသားပွင့်လင်းစွာပဲ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ Mean နဲ့ ပြုလုပ်ခဲ့တဲ့ Interview မှာဆိုရင်တော့ မင်းသားဟာ သူနဲ့တွဲနေတဲ့ကောင်မလေးအကြောင်းကို ချစ်စရာစကားလုံးလေးတွေနဲ့အတူ ဖော်ပြပြောဆိုခဲ့ပါတယ်။

Mean ဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် Youtuber တစ်ယောက်ဖြစ်သူ Dream Apichaya နဲ့ ချစ်ကျွမ်းဝင်နေတယ်လို့ ပြောပြခဲ့တာလည်းဖြစ်ပါတယ်။ မင်းသားက “ကျွန်​တော်တို့နှစ်ယောက်က အပြန်အလှန်စကားပြောဖြစ်ကြရင်း တစ်နေ့ထက်တစ်နေ့ ရင်းနှီးပြီး သံယောဇဥ်ရှိသွားတာပါ။

Dream က အတော်လေး တက်ကြွရွှင်လန်းပြီး ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူမလိုမဟုတ်ပါဘူး။ ဒါပေမဲ့လည်း Dream က ကျွန်တော့်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်ပြီး နေ့ရက်တွေကိုတောက်ပစေနိုင်သူလေးပါပဲ။ သူမနဲ့ အတူရှိချင်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားချင်ပါတယ်” လို့ သူ့ရဲ့အချစ်ရေးကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတော့တယ်။

၂၀၂၀ September လ ၂၂ ရက်နေ့ကတည်းက ချစ်သူဘဝကို စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ချစ်သူသက်တမ်း ၇ လပြည့်ပြီးပြီဖြစ်တဲ့ စုံတွဲလေးပါပဲ။ ရှေ့ဆက်မဲ့နေ့ရက်တွေကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်သန်းသွားနိုင်ပါစေလို့ Mean နဲ့ Dream စုံတွဲအတွက် ဆုတောင်းပေးလိုက်ပါတယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share