“The Penthouse 3” ရဲ့ တရားဝင် ရိုက်ကူး​ရေး​ကို ယခုလထဲမှာ စတင်​တော့မည်…

SBS ရုပ်သံလိုင်းက​နေ ထုတ်လွှင့်ခဲ့တဲ့ “The Penthouse” ဇာတ်လမ်းတွဲဟာ လူမှုအသိုင်းအဝိုင်းကြားက ပြိုင်ဆိုင်မှု​တွေ၊ ​​​​​​အချင်းချင်း လက်စား​ချေမှု​တွေ၊ ၅၂၈ နဲ့ ၁၅၀၀ ​​မေတ္တာ​တွေကို ဇာတ်အိမ်​ကောင်း​ကောင်းနဲ့ ပုံ​ဖော်ရိုက်ကူးထားပြီး ကမ္ဘာတစ်လွှားမှာ လူကြိုက်များတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ထိုဇာတ်လမ်းတွဲဟာ သမိုင်းတစ်​လျှောက် အမြင့်ဆုံး rating ​တွေနဲ့ season 2 ခုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဧပြီလ ၂၆ ရက်နေ့မှာ SPOTV News သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ “The Penthouse 3” ကို ဧပြီလ ၂၇ ရက်​နေ့မှာ တရားဝင် စတင်ရိုက်ကူး​တော့မယ်လို့ သိရပါတယ်။

ဒီသတင်းကို ဇာတ်လမ်းတွဲ ရိုက်ကူး​ရေးမှာ ပါဝင်တဲ့ အတွင်းလူတစ်​ယောက်က အတည်ပြု​ပေးထားပါတယ်။ “The Penthouse 2” ဟာ အပိုင်း ၁၃ ပိုင်း ပါဝင်ပြီး ဧပြီလ ၂ ရက်​နေ့မှာ ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ သရုပ်​ဆောင်​တွေနဲ့ ရိုက်ကူး​ရေးအဖွဲ့သား​တွေဟာ ဧပြီလ ၂၂ ရက်​နေ့မှာ ပြုလုပ်ခဲ့တဲ့ ဇာတ်ညွှန်းဖတ်ပွဲ မတိုင်ခင်အထိ အနားယူဖို့ အချိန် ၃ ပတ် ရရှိခဲ့ပါတယ်။ “The Penthouse 2” ရဲ့ ဇာတ်သိမ်းပိုင်းမှာ Logan Lee (Park Eun Seok) က Shim Soo Ryeon (Lee Ji Ah‘s) ရဲ့ မျက်စိ​ရှေ့မှာပဲ ​​ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်ထဲမှာ ပါသွားခဲ့ပြီး Logan Lee (Park Eun Seok) တစ်​​ယောက် ​သေသလား ရှင်သလား မသိရပဲ ဇာတ်လမ်းကို အဆုံးသတ်ခဲ့ပါတယ်။

ဒါ့အပြင် ​Logan Lee နဲ့အတူ လေယာဉ်​စီးလာတဲ့ Joon Gi (On Joo Wan) နဲ့ Kang Ma Ri (Shin Eun Kyung) ရဲ့ ခင်ပွန်းဖြစ်သူ၊ Yoo Jenny (Jin Ji Hee) ရဲ့ ဖခင်ဖြစ်သူ Yoo Dong Pil ဆိုတဲ့ ဇာတ်​ကောင်အသစ် ၂ ခုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

Season 3 ရဲ့ ဇာတ်ညွှန်းဟာ ​ရှေ့မှာ ပြသခဲ့တဲ့ Season ၂ ခုရဲ့ ဇာတ်ညွှန်းထက် ပိုအား​ကောင်းမှာဖြစ်ပြီး ဇာတ်​ကောင်း​တွေကြားက ဆက်နွယ်မှုကလည်း ယခင်ကထက် ပိုမိုရှုပ်​ထွေးလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “The Penthouse 3” ကို လာမယ့် ဇွန်လမှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

Source : Soompi
Photo : SBS Drama Official IG
Written : ZL

Share