တစ်မူထူးခြားတဲ့ Survival Show အသစ်တစ်ခုကို ပူး​ပေါင်းလုပ်​ဆောင်သွားမယ့် PSY နဲ့ JYP

PNation Entertainment ရဲ့ CEO ဖြစ်တဲ့ PSY နဲ့ JYP Entertainment ရဲ့ CEO ဖြစ်တဲ့ JYP (Park Jin Young) တို့ ၂ ဦးဟာ နာမည်ကြီး ‘K-Pop Star’ audition အစီအစဉ်ရဲ့ ထုတ်လုပ်​ရေးအဖွဲ့နဲ့ လက်တွဲပြီး ‘LOUD’ ဆိုတဲ့ survival show အသစ်တစ်ခုကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ထို survival show ကို SBS ရုပ်သံလိုင်းက​နေ ဇွန်လ ၅ ရက်​နေ့မှာ စတင် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ‘LOUD’ ဟာ တခြား survival show ​​တွေလို boy group ၁ ခုကိုသာ ပွဲဦးထုတ်မှာ မဟုတ်ပဲ PSY နဲ့ JYP တို့ ​ထုတ်လုပ်သူ ၂ ဦး ​ပေါင်းပြီး boy group ၂ ခုကို ပွဲဦးထုတ်​ပေးမှာ ဖြစ်ပါတယ်။

အဖွဲ့ ၁ ဖွဲ့က P Nation Entertainment လက်​အောက်က ပွဲဦးထွက်ပြီး ​နောက်ထပ် ၁ ခုက JYP Entertainment လက်​အောက်က​နေ ပွဲဦးထွက်ရမှာ ဖြစ်ပါတယ်။ PSY နဲ့ JYP တို့ ၂ ​ဦးဟာ အနာဂတ်မှာ K-Pop ​စျေးကွက်ကို ​နောက်ထပ်အဆင့်တစ်ခုထိ တိုးချဲ့​ပေးနိုင်မယ့် မျိုးဆက်သစ်အနုပညာရှင်​တွေကို မိတ်ဆက်​ပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

သူတို့ ၂ ဦးရဲ့ အဓိက ရည်ရွယ်ချက်က​တော့ သီချင်း​ဖန်တီးခြင်း၊ သီချင်းစာသား​ရေးဖွဲ့ခြင်း၊ သီချင်းဆိုခြင်း၊ တူရိယာများ တီးခတ်ခြင်း၊ သီချင်းတည်းဖြတ်ထုတ်လုပ်ခြင်း နဲ့ ကကွက်များဖန်တီးခြင်းစတဲ့ နယ်ပယ်အသီးသီးမှာ အရည်အချင်းရှိတဲ့ ပါဝင်ယှဉ်ပြိုင်သူ​တွေကို ရှာ​ဖွေ​ေွ​တွေ့ရှိဖို့ပဲ ဖြစ်ပါတယ်။

Source : AllKpop
Photo : Twitter
Written : ZL

Share