ဖျော်​ဖြေ​ရေး​လောကအ​ကြောင်းကို ရိုက်ကူးသွားမယ့် drama အသစ်အတွက် ကမ်းလှမ်းခံထားရတဲ့ Lee Sung Kyung

ဧပြီလ ၂၆ ရက်​နေ့မှာ အနုပညာ​လောကထဲက အတွင်းလူတစ်ဦးက မင်းသမီး Lee Sung Kyung ဟာ “Shooting Star” (တိုက်ရိုက်ဘာသာပြန်ထား​သောအမည်) ဆို​တဲ့ drama မှာ ​ခေါင်း​ဆောင်မင်းသမီးအဖြစ် ပါဝင်သွားမယ်လို့ ​ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ Lee Sung Kyung ရဲ့ ​အေဂျင်စီဖြစ်တဲ့ YG Entertainment က “Lee Sung Kyung ဟာ ‘Shooting Star’ drama မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတာနဲ့ ပတ်သက်လို့ အ​ကောင်းဘက်က​နေ စဉ်းစား​ဆုံးဖြတ်နေပါတယ်”လို့ ​ပြောကြားခဲ့ပါတယ်။

“Shooting Star” drama ဟာ ​ဖျော်​ဖြေ​ရေး​လောကရဲ့ ​နောက်ကွယ်က​နေ အလုပ်လုပ်​ပေး​နေကြတဲ့ PR အဖွဲ့​တွေ၊ မန်​နေဂျာ​တွေနဲ့ သတင်း​ထောက်​တွေရဲ့ ဘဝအ​ကြောင်းကို အသား​ပေး​ဖော်ပြသွားမှာဖြစ်ပါတယ်။

မင်းသမီး Lee Sung Kyung ကို​တော့ entertainment agency တစ်ခုမှာ အလုပ်လုပ်​နေတဲ့ PR အဖွဲ့ရဲ့ ​ခေါင်း​ဆောင် Oh Han Byul ဆိုတဲ့ ဇာတ်​ကောင်အတွက် ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ Oh Han Byul ဟာ သူမရဲ့ ​မွေးရာပါ အရည်အချင်း​ကြောင့် ​ဖျော်​ဖြေ​ရေး​လောကမှာ နာမည်ကြီးသူတစ်​​ယောက်ဖြစ်ပြီး ပရိသတ်ကို ဘယ်လိုဆွဲ​ဆောင်ရမလဲဆိုတာကို အတိအကျသိသူဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ စူးရှတဲ့ မျက်လုံး​တွေနဲ့ တည်ငြိမ်ပြတ်သားတဲ့ အသံ​ကြောင့် လူအများရဲ့ ချစ်ခင်​လေးစားမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ မင်းသမီး Lee Sung Kyung သာ ဒီ drama ကို လက်ခံရိုက်ကူးမယ်ဆိုရင် ၂၀၂၀ ခုနှစ် အ​စောပိုင်းတုန်းက ရိုက်ကူးခဲ့တဲ့ “Dr. Romantic 2” အပြီး တစ်နှစ်​ကျော် အကြာမှ ပြန်လည် သရုပ်​ဆောင်မယ့် drama ဖြစ်လာမှာ ဖြစ်ပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Share