ချစ်သူရည်းစားတွေဖြစ်နေကြပြီလို့ သတင်းထွက်လာခဲ့တဲ့ “A Love So Beautiful” ထဲက သရုပ်ဆောင် ၂ ယောက်

“A Love So Beautiful” ကတော့ ထွက်ရှိချိန်တုန်းက လူငယ်တွေကြားမှာ လွန်စွာမှရေပန်းစားခဲ့တဲ့ တရုတ်လူငယ်အချစ်ဇာတ်လမ်းလေးပါ။ ပရိသတ်တွေရဲ့ အားပေးမှုအမြောက်အမြားရရှိခဲ့တဲ့ ဇာတ်လမ်းလေးထဲက သရုပ်ဆောင် ၂ ယောက်ကတော့ လက်ရှိမှာ ချစ်သူရည်းစားတွေဖြစ်နေကြတဲ့အကြောင်း သတင်းတွေထွက်လာခဲ့ပြီး Trending တောင်ဖြစ်သွားခဲ့ပါသေးတယ်။

အဆိုပါ သရုပ်ဆောင် ၂ယောက်ကတော့ Shen Yue နဲ့ သူမရဲ့ တွဲဖက်သရုပ်ဆောင် Sun Ning ပဲဖြစ်ပါတယ်။ Dating သတင်းထွက်လာရတဲ့အခြေအနေကတော့… အသက် ၂၄ နှစ်အရွယ် မင်းသမီး Shen Yue ဟာ ဆံပင်ရှည်ရှည်ကောင်လေးတစ်ယောက်နဲ့အတူ ဆိုင်ကယ်စီးလာခဲ့တာဖြစ်ပြီး Date လုပ်မဲ့နေရာကိုရောက်လာခဲ့တာပါ။

စကိတ်ဘုတ်စီးရင်း နှစ်ယောက်အတူ အချိန်ကုန်လွန်ဖို့ရည်ရွယ်ထားပေမဲ့လည်း Shen Yue ကတော့ ကျွမ်းကျင်ပုံမပေါ်တာကြောင့် စကိတ်ကို မစီးတတ်စီးတတ်ဖြစ်နေခဲ့ရှာပါတယ်။ သူမနဲ့အတူလာခဲ့တဲ့ကောင်လေးကတော့ ကျွမ်းကျင်စွာစီးတတ်ပြီး Shen Yue ကိုလည်း အလိုက်သိစွာနဲ့ စီးပုံစီးနည်းကိုသင်ကြားပေးနေခဲ့တာပါ။

ကောင်လေးက Shen Yue ရဲ့ ဦးထုပ်လေးကို ကြည့်ကောင်းအောင် ဆောင်းပေးပြီးနောက် လူကြားထဲမှာပဲ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ကာ ပျော်ရွှင်နေခဲ့ပုံကတော့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုဟာ သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးဖြစ်နေတဲ့အကြောင်း သက်သေခံနေခဲ့ပါတော့တယ်။

တစ်နေကုန်ကြည်နူးရတဲ့အချိန်လေးတွေကိုပိုင်ဆိုင်ပြီးနောက် နှစ်ယောက်သားလက်တွဲမဖြုတ်ဘဲ ယာဥ်ရပ်နားတဲ့နေရာထိအတူပြန်သွားခဲ့ကြပြီး Shen Yue ကတော့ တွေဝေခြင်းမရှိဘဲ ကောင်လေးရဲ့ခါးကို နောက်ကနေဖက်ခါ ဆိုင်ကယ်စီးရင်းနှစ်ယောက်သားပြန်သွားခဲ့ကြပါတယ်။

ပရိသတ်တွေတော်တော်များများကတော့ Shen Yue နဲ့အတူတွေ့လိုက်ရတဲ့ကောင်လေးရဲ့ Mask မပါတဲ့ ပုံတွေကို အတော်များများရိုက်ကူးထားနိုင်လိုက်ပါတယ်။ သေချာအနီးကပ်စိစစ်ကြည့်လိုက်တဲ့အခါမှာတော့ မင်းသား Sun Ning ဖြစ်ရမယ်ဆိုပြီး အားလုံးကကောက်ချက်ချခဲ့ကြပါတော့တယ်။

Sun Ning ကတော့ A Love So Beautiful ဇာတ်လမ်းတွဲထဲမှာ Shen Yue ရဲ့ အရင်းနှီးဆုံး အတန်းဖော်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ဒါ့​ကြောင့်မို့လို့ ဇာတ်လမ်းတွဲရိုက်ကူးကတည်းက ရင်းနှီးကျွမ်းဝင်နေတဲ့ Shen Yue နဲ့ Sun Ning တို့က ချစ်သူတွေဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပြီး ပန်းခြံထဲမှာတွေ့ခဲ့ရတဲ့ ကြည်နူးစရာစုံတွဲပုံစံလေးတွေကြောင့် သူတို့နှစ်ယောက်တွဲနေတာကို အားပေးလက်ခံတဲ့သူတွေများပြားလာခဲ့ပါတော့တယ်။

ဒါပေမယ့်လည်း Dating သတင်းထွက်လာခဲ့တဲ့ အဆိုပါ သရုပ်ဆောင်နှစ်ယောက်ကတော့ ပရိသတ်တွေအပြောများနေခဲ့တဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး တစ်စုံတရာမှ အတည်ပြုပြောကြားထားခြင်းမရှိသေးပါဘူး။ ဒီ dating သတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ ချစ်စရာကောင်းတဲ့တရုတ်အနုပညာရှင်စုံတွဲလေးကို မြင်တွေ့ရဦးတော့မှာပါပဲ။

Source: Jynestar
Photos: Weibo
Written: Nay Chi

Share