K-Pop ​လောကမှာ အ​တောက်ပဆုံး မျက်လုံး​တွေကို ပိုင်ဆိုင်ထားကြတဲ့ Idol ၈ ​ယောက်

နှစ်တစ်နှစ်ကုန်တဲ့ အခါတိုင်း Dispatch က K-Pop ​လောကမှာ အ​ချော​မော အလှပဆုံး idol ​တွေကို ​ရွေးချယ်​ဖော်ပြ​လေ့ရှိပါတယ်။ ဒါ့အပြင် Dispatch ဟာ မကြာ​သေးမီက အ​တောက်ပဆုံး မျက်လုံး​တွေကို ပိုင်ဆိုင်ထားတဲ့ idol ​တွေကို ​ရွေးချယ်ကာ စာရင်းပြုစုပြီး သူတို့ရဲ့ Instagram မှာ ​ဖော်ပြခဲ့ပါတယ်။ ထိုစာရင်းထဲမှာ ပါဝင်လာတဲ့ idol ၈ ​​ယောက်က​တော့ ..

1. V (BTS)

V ကို ကြည့်လိုက်တာနဲ့ သူ့ရဲ့ ထင်ရှားတဲ့ မျက်လုံး​တွေကို အရင်ဆုံး သတိပြုမိမှာ ဖြစ်ပါတယ်။ အင်တာဗျူးပဲ ​ဖြေ​နေတာပဲဖြစ်ဖြစ်၊ စလိုက်မီး​တွေ တလက်လက်နဲ့ စင်​ပေါ်မှာ ​ဖျော်​ဖြေ​နေတာပဲဖြစ်ဖြစ် သူဘယ်​နေရာပဲ​ရောက်​ရောက် သူ့ရဲ့ မျက်လုံး​တွေက​တော့ ​လင်းလက်​တောက်ပ​နေတာပါပဲ။ ပလပ်စတစ်ဆာဂျရီ ဆရာဝန်​တွေ​တောင်မှ V ရဲ့ မျက်လုံး​တွေကို ပလပ်စတစ်ဆာဂျရီနည်းနဲ့ လိုက်တုပလို့ မရနိုင်ဘူးလို့ ​ပြောဖူးပါတယ်။

2. Jeonghan (SEVENTEEN)

SEVENTEEN ရဲ့ lead vocalist ဖြစ်သလို visual လည်းဖြစ်တဲ့ Jeonghan မှာလည်း ​တောက်ပတဲ့ မျက်လုံးတစ်စုံရှိတယ်ဆိုတာက​တော့ ငြင်းမရတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ကျယ်ဝန်းပြီး ​ကြောင်မျက်လုံးနဲ့တူတဲ့ သူ့ရဲ့ မျက်လုံး​တွေဟာ လင်းလက်ပြီး ​တောက်ပ​နေတယ်ဆိုတာကို သတိမထားမိဖို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ဆု​ပေးပွဲမှာ ဆုရလို့ ​ကျေးဇူးတင်စကား​ပြောရင်း ပရိသတ်​တွေကို ပြုံးပြတဲ့ အခါမျိုးမှာ​ပေါ့။

3. Cha Eunwoo (ASTRO)

ပြစ်မျိုးမှဲ့မထင် ​ချော​မောလွန်းတဲ့ Cha Eun Woo ကို သူ့ရဲ့ ​တောက်ပတဲ့ မျက်လုံး​တွေမပါပဲ မြင်​ယောင်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ မျက်လုံး​တွေဟာ ထင်းလင်းပြီး ​စူးရှသလို ဘယ်​နေရာပဲသွားသွား ထင်​ပေါ်နေတတ်ပါတယ်။ တစ်ခါတစ်ရံကြရင်​တော့ သူ့ရဲ့ မျက်လုံး​တွေဟာ နူးညံ့ပြီး ​နွေး​ထွေး​တဲ့ပုံ​​ပေါ်တာ​ကြောင့် သူ့ရဲ့ ဖြူဝင်းတဲ့ မျက်နှာကို ပိုပြီး အပြစ်ကင်းတဲ့ ပုံ​ပေါ်အောင် ပံ့ပိုး​ပေး​​​နေတာဖြစ်ပါတယ်။

4. Tzuyu (TWICE)

TWICE ရဲ့ အငယ်​ဆုံးအဖွဲ့ဝင် Tyuzu ရဲ့ ဗန်ဒါ​​စေ့ပုံစံ မျက်ဝန်း​တွေကို ပရိသတ်​တွေက အမြဲတ​စေ အမွှန်းတင်​ပြော​ဆိုလေ့ရှိကြပါတယ်။ Tzuyu ရဲ့ ရုပ်ရည်သွင်ပြင်ဟာ ပြစ်မျိုးမှဲ့မထင် လှပရုံတင်မကပဲ သူ့ရဲ့ ညို့အားပြင်းတဲ့ မျက်လုံး​တွေက စင်​ပေါ်မှာ ​ဖျော်​ဖြေတဲ့အခါ သူမကို ပိုပြီး ထင်​ပေါ်​စေတာ ဖြစ်ပါတယ်။

5. Yuna (ITZY)

Yuna ဟာ သူမရဲ့ ကြီးမားဝိုင်းစက်ပြီး ထင်ရှားတဲ့ မျက်လုံး​တွေ​ကြောင့် ITZY အဖွဲ့ဝင်အ​နေနဲ့ ပွဲဦးစထွက်တည်းက ပရိသတ်​တွေက သူမကို သတိပြုမိခဲ့ကြတာ ဖြစ်ပါတယ်။ သူမရဲ့ ​တောက်ပတဲ့ ရုပ်ရည်သွင်ပြင်နဲ့ တက်ကြွတဲ့ မျက်နှာအမူအရာတို့​သာမက သူမရဲ့ မျက်လုံး​တွေဟာလည်း ​မြင်ရသူ​တွေရဲ့ ရင်ထဲမှာ နွေး​ထွေးပြီး ​စိတ်ကို ပျော်ရွှင်​လာအောင် ​​​လုပ်နိုင်စွမ်းရှိပါတယ်။

6. Binnie (Oh My Girl)

Oh My Girl အဖွဲ့ဝင် Binnie ကိုလည်း ကြီးမားပြီး ​တောက်ပတဲ့ မျက်လုံး​တွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး idol တစ်​ယောက်အဖြစ် လူသိများကြပါတယ်။ သူမ ပြုံးလိုက်တဲ့အခါတိုင်းမှာ သူမရဲ့ မျက်လုံး​တွေက ပို​တောက်ပလာပြီး သူမ ​ဘေးနားမှာ ရှိတဲ့သူတိုင်းကို အ​ပျော်​တွေ ကူးစက်​စေတယ်လို့ ပရိသတ်​​တွေက ​ပြောကြပါတယ်။

7. Chanyeol (EXO)

EXO အဖွဲ့ Chanyeol ဟာ အလှပဆုံး မျက်လုံး​တွေကို ပိုင်ဆိုင်ထားတယ်လို့ K-Pop ​လောကက ပရိသတ်အများစုက လက်ခံထားကြပါတယ်။ သူ့ရဲ့ မျက်လုံး​တွေဟာ ကြီးမား​တောက်ပပြီး စင်​ပေါ်မှာ ​ဖျော်​ဖြေတဲ့အခါ ဖြူစင်တဲ့ပုံစံနဲ့ အားပြင်းတဲ့ပုံစံ ၂ မျိုးလုံးကို ​ဖော်​ပြနိုင်စွမ်း ရှိပါတယ်။

8. Park Jihoon

တစ်ခါတုန်းက WANNA ONE အဖွဲ့ဝင်​တွေဟာ Park Jihoon ရဲ့ လှပပြီး ကျယ်ဝန်းတဲ့ မျက်လုံး​တွေ​ကြောင့် သူ့ကို အဖွဲ့ထဲမှာ ဆက်စီအကျဆုံး အဖွဲ့ဝင်အဖြစ် ​​​ရွေးချယ်ခဲ့ကြပါတယ်။ ဒါကလည်း အံ့သြစရာ မရှိပါဘူး။ သစ်ရွက်ပုံသဏ္ဍာန်ရှိတဲ့ Park Ji Hoon ရဲ့ မျက်လုံး​တွေကို သူ့ရဲ့ ပရိသတ်​တွေက ရတနာတစ်ပါးအ​နေနဲ့​တောင် တင်စားပြီး ​ပြော​လေ့ရှိကြပါတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Share