“Oricon’s Chart” ရဲ့ နံပါတ် ၁ နေရာကို ပြန်လည်သိမ်းပိုက်ခဲ့တဲ့ “BE” ရဲ့ အတောမသတ်နိုင်တဲ့ အောင်မြင်မှု

BTS ရဲ့ “BE” album ရဲ့ အောင်မြင်မှုတွေကတော့ မပြီးဆုံးသေးပါဘူး။ “BE” album ဟာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း Music chart ဖြစ်တဲ့ “Oricon’s Chart” ရဲ့ နံပါတ် ၁ နေရာကို ပြန်လည်သိမ်းပိုက်နိုင်လိုက်ပါပီ။

ဧပြီလ ၂၇ ရက်နေ့မှာပဲ “Oricon’s chart” မှ ဧပြီလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ သတ်မှတ်ခဲ့တဲ့ တစ်ပတ်စာရဲ့ “Weekly Album Chart” ရဲ့ နံပါတ် ၁ နေရာမှာ BTS ရဲ့ BE album ရရှိခဲ့ကြောင်းကြေညာခဲ့တာပါ။ BTS ရဲ့ “BE” album ကတော့ ၂၀၂၀ နိုဝင်ဘာလမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

“BE” ဟာ ဒီဇင်ဘာလ ၇ ရက်နေ့ကညကြေညာခဲ့တဲ့ “Weekly Album Chart” မှာ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်အဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် ရက်သတ္တပတ်ပေါင်း (၂၁) ပတ် အကြာမှာ ထိပ်တန်းနေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ “BE” album အတွက် အတောမသတ်နိုင်တဲ့ အောင်မြင်မှုတွေရရှိနေတုန်းပဲ ဆိုတာကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။

BTS အတွက် ” BE” album ကတော့ အဖိုးမဖြတ်နိုင်တဲ့ album တစ်ခုပါ။ အဖွဲ့ဝင်တွေဟာ album ရဲ့ lyric writing, composing, planning, and concept-building တို့မှာ ပါဝင်ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ “BE” နဲ့ “BE” ရဲ့ title song ဖြစ်တဲ့ ” Life Goes On” တို့ဟာ Billboard chart ရဲ့ “Billboard 200” နဲ့ “HOT 100” chart တို့ရဲ့ နံပါတ် ၁ နေရာအသီးသီးကိုလည်း ရရှိထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် BTS အဖွဲ့ဟာ မေလ (၂၁) ရက်နေ့မှာတော့ “BUTTER” ဆိုတဲ့ အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားမယ့် သီချင်းကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် June လ ၁၆ ရက်နေ့မှာတော့ “BTS, THE BEST” ဆိုတဲ့ ဂျပန် album အသစ်ထွက်ရှိသွားမှာပဲ ဖြစ်ပါတယ်။

Source: Soompi
Photo: Naver
Written: Gyi Gyi

Share