မိန်းကလေးတစ်ယောက်သာဖြစ်ခဲ့မယ်ဆိုရင် Mark Prin တစ်ယောက် ဘယ်သူနဲ့အီစီကလီလုပ်မလဲ…

April လ အတွင်းမှာပဲ အလုပ်အချိန်ဇယားအပြည့်ရှိနေတဲ့ Mark Prin ဟာ YouTube show တစ်ခုမှာ ပါဝင်တင်ဆက်ခဲ့ပါတယ်။ ထိုအစီအစဥ်မှာတော့ မင်းသမီး Goy Arachaporn နဲ့ သူမရဲ့သူငယ်ချင်းတစ်သိုက်ကတော့ အစီအစဥ်မှူးတွေအဖြစ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ တင်ဆက်နေရင်း Mark Prin ကို ပေါက်ပေါက်ရှာရှာ မေးခွန်းတစ်ခုမေးမြန်းခဲ့ကြတာပါ။

အဆိုပါမေးခွန်းကို မေးမြန်းခဲ့သူလေးကတော့ Dream Apichaya ပါပဲ။ Dream က “အကယ်၍ P’ Mark သာ မိန်းကလေးတစ်ယောက်သာဖြစ်ခဲ့မယ်ဆိုရင် Thai TV3 ထဲက ဘယ်မင်းသားနဲ့ အီစီကလီလုပ်ဖြစ်မလဲ?” ဆိုပြီး Mark ကို မေးချလိုက်ပါတော့တယ်။

ဒါကိုတော့ Mark Prin က တွေးတွေးဆဆနဲ့ “James Ma နဲ့ လုပ်ဖြစ်မှာပေါ့” လို့ ဖြေလိုက်ပြန်ပါတော့တယ်။ ဆက်လက်ပြီး Mark က “James ကလေ တည်ငြိမ်အေးဆေးတယ်၊ စေ့စပ်သေချာပြီး ဂရုတစိုက်လည်းရှိတယ်၊ ချင့်ချိန်တွေးဆတတ်ပြန်သေးတယ်။ ဒါပေမဲ့ သူက ခပ်တည်တည်နေတတ်တော့ ချဥ်းကပ်ဖို့က နည်းနည်းလေးတော့ခက်လိမ့်မယ်” လို့ အတွေးတွေများစွာတဲ့ ဖြည့်စွက်ပြောလိုက်ပါသေးတယ်။

Mark ရဲ့ အပြောတွေကိုနားထောင်ပြီးတဲ့နောက် Goy Arachaporn က Mark ရဲ့ စိတ်ကူးအိပ်မက်ထဲကပုံစံလေးကိုမေးမြန်းခဲ့ပါတယ်။ ဒီ့အတွက်အဖြေကတော့ တိကျသေချာလွန်းနေပါတယ်။ Mark Prin က သူဟာ half-Thai တွေဖြစ်တဲ့ နိုင်ငံခြားသွေးရောစပ်တဲ့ ထိုင်းနိုင်ငံသူလေးကို တကယ်ကြီးသဘောကျတယ်လို့ဆိုပါတယ်။

ထို့အတူပဲ သူဟာ ရွှင်ပျပြီးတက်ကြွလန်းဆန်းနေတတ်တဲ့သူကို နှစ်သက်တယ်လို့ပါထပ်ပြောခဲ့တာပါ။ ပရိသတ်ကြီးတို့အတွက်တော့ Mark Prin ရည်ညွှန်းပြောဆိုခဲ့သူလေးဟာ ဘယ်သူလဲဆိုတာကိုတော့ စဥ်းစားဖို့တောင်လိုမယ်မထင်ပါဘူးနော်။

Source: ThaiUpdate
Photos: ThaiCeleb
Written: Nay Chi

Share