အဆမတန်နာမည်ကြီးနေပေမဲ့လည်း ထင်ထားသလောက်ဝင်ငွေရရှိခြင်းမရှိတဲ့ ထိပ်တန်းမင်းသား Xiao Zhan

တရုတ်နိုင်ငံရဲ့ လူသိများထင်ရှားကျော်ကြားနေတဲ့အနုပညာရှင်တွေထဲမှာ Xiao Zhan ဟာလည်း မြောက်များစွာသောပရိသတ်အခိုင်အမာရှိသလို စျေးကွက်စီးပွားရေးဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ငမ်းငမ်းတက်အလိုနေတဲ့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသားတစ်ယောက်ပါ။

Xiao Zhan ဟာ အမျိုးသားအနုပညာရှင်တွေရဲ့ နာမည်ကျော်ကြားလူသိများမှုစာရင်းမှာလည်း ထိပ်ဆုံးမှာ နေရာယူထားသလို လူအများရှာဖွေမှုအများဆုံးအနုပညာရှင်စာရင်းမှာလည်း Wang Yibo နဲ့ TFBoys က Jackson Yee တို့ကိုကျော်လွန်ပြီး နေရာရနေတာတဲ့သူဖြစ်ပါတော့တယ်။

သို့ပေမဲ့ အဆမတန်အောင်မြင်မှုတွေရရှိထားတဲ့ ၂၉နှစ်အရွယ် Xiao Zhan ကတော့ တခြားထိပ်တန်းသရုပ်ဆောင်တွေနဲ့ယှဥ်ရင် ဝင်ငွေရရှိမှုဟာ အံ့သြဖို့ကောင်းလောက်အောင် လွန်စွာမှ နည်းပါးနေခဲ့ပါတယ်။

Xiao Zhan ဟာ ဝူဟန်မြို့မှာ A Dream Like A Dream ဆိုတဲ့ ပြဇာတ်ကို ပါဝင်ဖျော်ဖြေခဲ့ပြီး ပရိသတ်ပေါင်းများစွာဟာ Xiao Zhan ရဲ့ Live Show ကို ကိုယ်တိုင်ကြည့်ချင်ကြတဲ့အတွက် စက္ကန့်နဲ့အမျှ လက်မှတ်ဝယ်လိုအားနဲ့ စျေးနှုန်းဟာ အဆမတန်မြင့်တက်သွားခဲ့ပါသေးတယ်။

ဒီလိုမျိုး နာမည်ကြီးလွန်းပြီး အားပေးမှုအများအပြားရရှိထားတဲ့ Xiao Zhan ရဲ့ ဝင်ငွေရရှိမှုဟာ အလွန်နည်းပါးလွန်းတာကို သိသွားတဲ့အခါမှာတော့ ပရိသတ်တော်တော်များများ မျက်လုံးပြူးမတတ် အံသြခဲ့ရကြရပါတော့တယ်။ ရှောင်းကျန့် အဓိကဝင်ငွေစီးဆင်းမှုဟာ မင်းသားရဲ့ စီမံခန့်ခွဲရေးကုမ္ပဏီကနေ ချုပ်ကိုင်ထားတာဖြစ်ပါတယ်။

ဥပမာအနေနဲ့ပြောရရင် The Untamed မှာ ပါဝင်ရိုက်ကူးရေးအတွက် သရုပ်ဆောင်ခ CNY 5 million (သိန်းပေါင်း ၁ သောင်း ၂ ထောင်နီးပါး) ကို ပေးခဲ့ပေမဲ့လည်း Xiao Zhan ကတော့ ဝေ့ဝူရှန့်ဇာတ်ကောင်အတွက် သရုပ်ဆောင်ခ CNY 1 million (သိန်း ၂၄၀၀ နီးပါး) သာ ရရှိခဲ့တာပါ။

စီမံခန့်ခွဲရေးကုမ္ပဏီဖက်ကနေ ကျန်ရှိငွေ CNY 4 million ကို လက်ခံရယူထားတာလည်းဖြစ်ပါတယ်။ အလားတူစွာပဲ စီးပွားရေးနယ်ပယ်ဖက်မှာ Xiao Zhan ရိုက်ကူးကြော်ညာပေးထာတဲ့ ထုတ်ကုန်တွေဟာ ရောင်းလို့မလောက်အောင် အရောင်းသွက်တာကို အားလုံးအသိပါပဲ။

ထိုအတွက်လည်း ကုန်ပစ္စည်းထုတ်ဝေရေးဖက်က Xiao Zhan နဲ့ လက်တွဲအလုပ်လုပ်ဖို့ မြောက်မြားစွာသော အခကြေးငွေပေးရပေမဲ့ ရှောင်းကျန့်ရဲ့ အေဂျင်စီဖက်ကနေ ဝင်ငွေရဲ့ဝေစုအတော်များများကို ရယူထားခဲ့ပါတော့တယ်။

ပြောရရင်တော့ ရှောင်းကျန့်ဟာ လူသိများတဲ့ Skin care ထုတ်ကုန်နဲ့ တစ်နှစ်စာ လက်တွဲအလုပ်လုပ်ရတဲ့အပြင် တစ်ဖက်မှာလည်း ၈ရက်တိတိ မနားမနေအလုပ်လုပ်ခါမှ CNY 3.4 million yuan (သိန်း ၈၁၀၀ ကျော်) မျှသာ ဝင်ငွေရှိခဲ့ပါတယ်။

တခြားထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ Angelababy နဲ့ Yang Mi တို့ရဲ့ဝင်ငွေကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် Xiao Zhan လိုမျိုးသာ တူညီတဲ့အလုပ်ချိန်အတိုင်းလုပ်ကိုင်ပါက 10 millions သို့မဟုတ် ဒီ့ထက် များပြားတဲ့ဝင်ငွေကိုတောင် ရနိုင်တယ်လို့ဆိုပါတယ်။

ပရိသတ်အများအပြားက Xiao Zhan ရဲ့ ဝင်ငွေရရှိမှုဟာ ဒုတိယအဆင့် အနုပညာရှင်တွေထက်တောင် နည်းပါနေတယ်လို့ဆိုပါတယ်။ ဒီလိုမျိုး ဝင်ငွေရပိုင်ခွင့် ကွာခြားချက်ကြောင့်ပဲ Xiao Zhan ဟာ အမြဲလိုလိုအလုပ်များနေရပြီး မြောက်များစွာသော အလုပ်တွေကိုလည်း လက်ခံလုပ်ကိုင်နေရတာဖြစ်မယ်လို့ ပရိသတ်တွေကတော့ တွေးတောရင်း ဂရုဏာသက်ခဲ့ကြပါတော့တယ်။

လက်ရှိမှာတော့ Xiao Zhan ဟာ ပိုပြီးမြောက်မြားတဲ့ စီးပွားရေးဆိုင်ရာလက်တွဲလုပ်ဆောင်မှုတွေအများအပြားကို လုပ်ကိုင်ရဦးမှာဖြစ်ပြီး နိုင်ငံထုတ် ကားထုတ်လုပ်ရေးလုပ်ငန်းရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်ပါ ခန့်အပ်ခံထားရတာကြောင့် ထိုအတွက်လည်း ပြင်ဆင်စရာလုပ်ငန်းဆောင်တာတွေ ရှိနေဦးတော့မှာဖြစ်ပါတယ်။

အရာရာကို ဂရုဏာကြီးမားစွာနဲ့ စိတ်သဘောထားကြီးသူ Xiao Zhan ကတော့ စိတ်အနှောင့်အယှက်ဖြစ်ရမယ့် ဘယ်ကိစ္စကိုမှ အာရုံထားမှာမဟုတ်ဘဲ လုပ်စရာရှိတဲ့အလုပ်တွေကိုသာ အကောင်းဆုံးလုပ်ဆောင်သွားဦးမှာကတော့ အသေချာပါပဲနော်။

Source: Oncc
Photos: Weibo
Written: Nay Chi

Share