India နိုင်ငံရဲ့ စံချိန်တင် Covid ကပ်အတွက် ရူပီး ၂ သန်းကျော်လှူဒါန်းခဲ့တဲ့ BTS တို့ရဲ့ ပရိသတ်များ

လက်ရှိအခြေအနေမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ Covid ကပ်ရောဂါဆိုးကြီးဟာ ဆက်လက်ဖြစ်ပွါးနေလျက်ရှိပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံကတော့ Covid ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ စံချိန်တင် တိုးပွါးမှုနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

ဒီလို အိန္ဒိယနိုင်ငံရဲ့ အခြေအနေဆိုးကို ကူညီနိုင်ဖို့အတွက် BTS တို့ရဲ့ ပရိသတ်တွေဖြစ်တဲ့ ARMY တို့ဟာ Fund စုဆောင်းမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ လက်ရှိအချိန်ထိ ရူပီး ၂ သန်းကျော် ( မြန်မာကျပ် သိန်း ၄၂၀) ကျော် စုဆောင်းပေးနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွက် လှူဒါန်းပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှ Twitter fan account တစ်ခုဖြစ်တဲ့ @BangtanIndia မှ ဦးဆောင်ကာ fund စုဆောင်းမှု လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ရရှိလာတဲ့ လှူဒါန်းငွေတွေကိုတော့ အိန္ဒိယနိုင်ငံရဲ့ Covid ကာကွယ်ရေးအတွက် ပြည်သူလူထုထံ ဆေးဝါးထောက်ပံ့မှု၊ အစားအသောက်၊ လူသုံးကုန်နဲ့ အသက်ကယ်အောက်စီဂျင် ထောက်ပံ့မှု စတဲ့ နေရာတွေမှာ သုံးစွဲသွားမယ်လို့ ကြေညာထားပါတယ်။

ဒီလို BTS တို့ရဲ့ ပရိသတ်တွေရဲ့ လူမှုကူညီရေးမှာ ပါဝင်လှူဒါန်းမှုဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ငတ်မှုခေါင်းပါးမှု ကပ်အတွက် ထောက်ပံ့ရေး၊ နိုင်ငံရေး ခိုလှုံသူများအတွက် ထောက်ပံ့ရေး စတာတွေမှာလည်း ARMY တို့ဟာ တက်တက်ကြွကြွ ပါဝင် လှူဒါန်းခဲ့ကြပါသေးတယ်။ ဒီလို မွန်မြတ်တဲ့ ကုသိုလ်တွေအတွက် BTS အဖွဲ့ဝင်တွေကော ကမ္ဘာအရပ်ရပ်မှ ARMY တို့ကလည်း ဂုဏ်ယူနေမှာ အသေအချာပါပဲ။

Source: Koreaboo
Photo: Twitter
Written: Gyi Gyi

Share