နာမည်ကြီးကျော်ကြားပြီး အရည်အချင်းရှိတဲ့ ၁၉၉၂ ခုနှစ်ဖွား ထိုင်းမင်းသမီး ၄ ဦး

ထိုင်းအနုပညာနယ်ပယ်ထဲက အရည်အချင်းအပြည့်ရှိတာကြောင့် နာမည်ကြီးကျော်ကြားနေတဲ့ မင်းသမီးတွေထဲမှာတော့ ၁၉၉၂ ခုနှစ်မှာမွေးဖွားခဲ့တဲ့ မင်းသမီး ၄ဦးလည်း ပါဝင်နေခဲ့ပါတယ်။ သိပ်မကြာခင်နှစ်အတွင်းမှာပဲ ထိပ်စီးပြောင်းတော့မဲ့ နာမည်ကြီးမင်းသမီး ၄ ဦးကတော့…

Kimmy Kimberley Anne Woltemas

၁၉၉၂ ခုနှစ် January 22 မှာမွေးဖွားခဲ့သူလေး Kimmy Kimberley ကတော့ “Thara Himalai” ဇာတ်လမ်းတွဲနဲ့ ၂၀၁၀ ခုနှစ်မှာ မင်းသမီးအဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ ၁၀ နှစ်ကြာအနုပညာအလုပ်တွေကိုဖန်တီးရင်း နာမည်ကျော်ကြားတဲ့ဇာတ်လမ်းတွဲတွေမှာ သူမရဲ့သရုပ်ဆောင်စွမ်းရည်တွေကိုပြသနိုင်ခဲ့ပြီး အောင်မြင်ကျော်ကြားလာခဲ့သူပါ။ တစ်နေ့ထက်တစ်နေ့ နာမည်ကြီးလာသူလေး Kimmy ကတော့ လက်ရှိမှာ Thai TV3 ရဲ့ ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

Mai Davika

Mai Davika လေးကလည်း ၁၉၉၂ May 16 မှာ ဖွားမြင်ခဲ့တဲ့ မိန်းမလှလေးပါ။ အနုပညာပါရမီရှိသူလေးဖြစ်လို့ ၂၀၁၀ မှာ Thai channel 7 ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ “Ngao Kammathep” ဇာတ်လမ်းနဲ့ ပွဲဦးထွက်လာခဲ့ပါတယ်။ ဇာတ်လမ်းတွဲတွေ၊ အခမ်းအနားတွေတက်ရောက်ရိုက်ကူးရင်း ၂၀၁၅ ခုနှစ်မှာ အလွတ်တန်းမင်းသမီးအဖြစ် တစ်ကိုယ်တော်လှုပ်ရှားခဲ့ပါတယ်။

Davika ရဲ့ နာမည်ကြီးဇာတ်လမ်းတွေထဲမှာ “Nang Chada”, “My Ambulance” နဲ့ “Wanthong” တို့ကိုတော့ မကြည့်ဖူးတဲ့သူ မရှိလောက်တဲ့အထိပါပဲ။ ဒါ့အပြင် Mai လေးဟာ နာမည်ကျော် “Pee Mak” နဲ့ “Heart Attack” ဇာတ်ကားတွေထဲမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးခဲ့ပါသေးတယ်။

Baifern Pimchanok

အာရှတစ်ခွင်မှာ မသိသူမရှိတဲ့ ထိုင်းမင်းသမီးလေးကတော့ ၁၉၉၂ September 30 ဖွား Baifern Pimchanok ပါပဲ။ Baifern ဟာ အခြေခံမူလတန်းကျောင်းတက်နေစဥ်ကတည်းက အနုပညာလောကထဲကို ခြေချခဲ့ပါတယ်။

၂၀၁၀ မှာတော့ ​တော်တော်လေး Hit ဖြစ်ခဲ့တဲ့ ဇာတ်ကား “A Little Thing Called Love” မှာ အဓိကမင်းသမီးအဖြစ် ပါဝင်ရိုက်ကူးခဲ့တဲ့နောက် တဟုန်ထိုးနာမည်ကြီးလာခဲ့တာ ယနေ့အချိန်အထိပါပဲ။ ထို့နောက်မှာတော့ Thai channel 7 နဲ့ စာချုပ်ချုပ်ဆိုကာ မြောက်မြားစွာသောဇာတ်လမ်းတွေကို လက်ခံရိုက်ကူးခဲ့ပါတော့တယ်။

စာချုပ်သက်တမ်းကုန်ပြီးနောက် Baifern ဟာ အလွတ်တန်းမင်းသမီးဖြစ်လာခဲ့တာကြောင့် အနုပညာဖန်တီးမှုတွေကို ပိုပြီးလွတ်လပ်စွာလုပ်ကိုင်နိုင်လာပါတော့တယ်။ ရေပန်းစားခဲ့တဲ့ “Lhong Fai”, “Bai Mai Tee Plid Plew”, “Friend Zone” နဲ့ “The Con-Heartist” အစရှိတဲ့ လူအများကြားရေပန်စားခဲ့တဲ့ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေကို ရိုက်ကူးနိုင်ခဲ့ပါတယ်။

Pim Pimprapa

ကျက်သရေရှိစွာလှပတဲ့ ထိုင်းမင်းသမီးချော Pim Pimprapa ကတော့ ၁၉၉၂ October 10 မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၇ နှစ်အရွယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် အနုပညာနယ်ပယ်ထဲကိုဝင်ရောက်လာခဲ့တာကြောင့် အနုပညာအရည်အချင်းကတော့ ထိပ်ဆုံးမှာရှိနေသူပါ။

2007 မှ 2012 လောက်အထိ Pim ဟာ ထိုင်းမိန်းကလေးအဆိုတော်အဖွဲ့ ‘Chilli White Choc’ ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Thai channel 7 ရဲ့ ဇာတ်လမ်းသစ်မှာ စတင်ပါဝင်ရိုက်ကူးခဲ့ပါတယ်။

“Karn La Krang Neung…..Nai Huajai” ဇာတ်လမ်းမှာအဓိကမင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ပြီးနောက်ပိုင်း လူသိများကျော်ကြားလာခဲ့ပါတော့တယ်။ ယခုအချိန်မှာတော့ Pim ဟာ အလွတ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပြီး “Mia Luang” အမည်ရဇာတ်လမ်းတွဲကို ခေတ်ပေါ်ပုံစံအနေနဲ့ ပြန်လည်ရိုက်ကူးရေးမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးနေပါတယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share