BTS က အစ်ကို ၆ ယောက်နဲ့တွေ့ပြီးမှ အငယ်ဆုံးလေး Jungkook ဘယ်လိုတွေပြောင်းလဲသွားသလဲ…

BTS အဖွဲ့က အစ်ကို ၆ ယောက်အပြင် အားပေးသူပရိသတ်တွေကပါ ငုံထားမတတ် အချစ်တွေပိုရတဲ့ Golden Maknae လေး Jungkook ကတော့ Trainee ဘဝမှာပဲ Busan ကနေ Seoul ကို တက်လာခဲ့သူလေးပါ။

အသက်ငယ်ငယ်လေးနဲ့ အဆိုတော်ဖြစ်ချင်တဲ့ စိတ်ကူးရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ အိမ်ကနေထွက်လာခဲ့ပြီး Seoul ကိုရောက်လာခဲ့တဲ့အခါမှာတော့ BTS ရဲ့ အစ်ကိုကြီး ၆ ယောက်နဲ့ တွေ့ဆုံခဲ့ရပြီး သူ့ကိုဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Jungkook ကတော့ BTS ရဲ့ တခြားအဖွဲ့ဝင် အစ်ကို ၆ ယောက်နဲ့ တွေ့ဆုံပြီး​နောက်ပိုင်း ဘယ်လိုမျိုးတွေပြောင်းလဲသွားသလဲဆိုတာကို ပြောပြခဲ့ပါတယ်။ အင်တာဗျူးမှာပဲ “ပြီးခဲ့တဲ့ ၅နှစ်အတွင်းမှာ ဘယ်အရာတွေက မင်းကို ကြီးပြင်းဖို့ပံ့ပိုးကူညီရင်း ပြောင်းလဲစေခဲ့သလဲ?” လို့ အငယ်ဆုံးလေးကို မေးခဲ့တာပါ။

ဒါကိုတော့ Jungkook က “ကျွန်တော်ငယ်ငယ်တုန်းက အဆော့လည်းမက်သလို အစအနောက်လည်းသန်ပါတယ်။ သူများကို နောက်ပြောင်နေရတာကိုပဲ ကျေနပ်ပျော်ရွှင်နေခဲ့တာပါ။ ဒီလိုနဲ့ BTS က ကျွန်တော့်ရဲ့အဖွဲ့ဝင်အစ်ကိုကြီးတွေနဲ့ အတူနေရပြီးနောက်ပိုင်းမှာ အများကြီးပြောင်းလဲသွားခဲ့တယ်။

ပြောရရင်တော့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးဖြစ်အောင် နေတတ်လာသလို တခြားသူတွေနဲ့ပတ်သက်သမျှကို ခံစားနားလည်တတ်အောင်လည်း ကိုယ်တိုင်သင်ယူရင်း ပြောင်းလဲလာခဲ့တာပါ။ အစ်ကိုတွေက ကျွန်တော့်ကို ဒီလိုမျိုးပြောင်းလဲသွားအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်” ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

ယခုအချိန်မှာတော့ အငယ်ဆုံးလေး Jungkook ဟာ ကိုယ့်ကိုယ်ကိုအတွက် ဦးစားပေးတွေးတောချိန်မရလောက်အောင် တခြားသူတွေရဲ့အကြောင်းနဲ့ သူတို့တွေရဲ့ခံစားချက်တွေကို အရင်တွေးတောပေးတတ်တဲ့ ရင့်ကျက်တဲ့ကောင်လေးတစ်ယောက် ဖြစ်နေပါပြီ။

အစ်ကို ၆ ယောက်ရဲ့ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးမှုတွေကို Jungkook ကိုယ်တိုင်ကလည်း သဘောကျလက်ခံပုံရပြီး သူ့ရဲ့စွမ်းဆောင်ရည်တွေဟာလည်း ခက်ခဲတဲ့စိန်ခေါ်မှုတွေကို BTS က အစ်ကိုတွေနဲ့အတူ ကြိုးစားလုပ်ကိုင်ရင်း တိုးတက်လာတယ်လို့ဆိုပါတယ်။

BTS အဖွဲ့ဆိုတာကတော့ Kpop အဖွဲ့တစ်ဖွဲ့ဆိုတာထက်တောင် အများကြီးသာလွန်နေပါသေးတယ်။ ချစ်ခြင်းမေတ္တာတွေနဲ့ ဖွဲ့စည်းထားတဲ့ BTS အဖွဲ့အတွက်ကတော့ စည်းလုံးညီညွတ်မှုတွေကြောင့်ပဲ ရှေ့ဆက်ပြီးလည်း အောင်မြင်မှုတွေ ရရှိနေဦးတော့မှာပါ။

Source: Koreaboo
Photos: Naver
Written: Nay Chi

Share