BLACKPINK’s Lisa လေးရဲ့ Solo Debut က ဘယ်တော့လောက်ဖြစ်မလဲ

အဖွဲ့ဝင် ၄ ယောက်ပါဝင်တဲ့ နာမည်ကြီး BLACKPINK အဖွဲ့ကတော့ အဖွဲ့လိုက်အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်နေသလိုပဲ တစ်ကိုယ်တော်အနေနဲ့ပါ အနုပညာအ လုပ်တွေ လုပ်ကိုင်နေကြတာ​ကို အားလုံးပဲမျက်မြင်ထင်ရှားဖြစ်မှာပါ။ မကြာသေးခင်ကမှာ Rosé ဟာလည်း Solo Debut လုပ်ခဲ့ပြီး အောင်မြင်မှုများစွာ သိမ်းပိုက်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

BLACKPINK အဖွဲ့ရဲ့ တတိယမြောက် Solo Debut လုပ်ဖို့ရှိနေသူလေးကတော့ ထိုင်းနိုင်ငံသူလေး Lisa ပါပဲ။ Lisa ရဲ့ တစ်ကိုယ်တော်ထွက်ရှိမဲ့နေ့ကို အမျိုးမျိုးသော ခန့်မှန်းချက်တွေရှိနေတာဖြစ်ပြီး လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ YG Entertainment ရဲ့ solo Debut နဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တစ်ခု ထွက်ရှိလာခဲ့တာပါ။

YG Entertainment ရဲ့ တရားဝင်စာမျက်နှာကနေ “Lisa ဟာ the album ထွက်လာဖို့အတွက် ကြိုးစားပမ်းစား ဖန်တီးနေပါတယ်” ဆိုပြီး ထုတ်ပြန်ပေးခဲ့တာပါ။ ဒါပေမယ့်လည်း Entertainment ဖက်ကနေ ထွက်ရှိလာမယ့်နေ့နဲ့ပတ်သက်ပြီး တစ်စုံတရာမှ ဖော်ပြထုတ်ပြန်ခဲ့တာမျိုးမရှိခဲ့ပါဘူး။

အနုပညာလောကကို စိတ်ပါဝင်စားစုံစမ်းနေတဲ့သူတွေကတော့ Lisa ဟာ သူမရဲ့ Solo debut ကို June လလောက်မှာ စတင်လုပ်နိုင်ဖွယ်ရှိတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ Harper’s Bazaar Thailand ကလည်းပဲ June လလောက်မှာ စတင်ပြီး ထွက်ရှိလာနိုင်ဖွယ်ရှိတဲ့အကြောင်း Instagram မှာ တင်ပေးခဲ့ပါသေးတယ်။

တစ်ကိုယ်တော်ပွဲဦးထွက်ခဲ့တဲ့အဖွဲ့ဝင်တွေထဲမှာမှ Jennie နဲ့ Rosé ပြီးရင် Lisa ဟာ တတိယမြောက်အဖွဲ့ဝင်ဖြစ်လာတော့မှာပါ။ Jisoo ကတော့ သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကထဲကို ခြေဆန့်နေပြီဖြစ်ပြီး အဖွဲ့ဝင် ၄ ယောက်စလုံးကလည်း တစ်ယောက်နဲ့တစ်ယောက် အားပေးပံ့ပိုးရင်း ဖန်တီးမှုပေါင်းများစွာကို အားထုတ်နေကြပါတော့တယ်။

Lisa လေးရဲ့ Solo debut နဲ့ပတ်သက်လို့ ရက်အတိအကျထွက်ပေါ်လာတာမျိုးမရှိသေးပေမဲ့ အားပေးကြမယ့်ပရိသတ်တွေကတော့ Lisa ရဲ့ အနုပညာဖန်တီးမှုတွေအတွက် တွေးတောပုံဖော်ရင်း စိတ်လှုပ်ရှားနေကြပြီး Album ထွက်လာမယ့်နေ့ကို လက်ချိုးကာ ရေတွက်ရင်း စောင့်ဆိုင်းနေကြပါပြီ။

Source: koreaboo
Photos: Lisa’s official Instagram
Written: Nay Chi

Share