2021 အတွက် ARMY တို့ရဲ့အသည်းကျော်လေး BTS V ရဲ့ ဆန္ဒလေးက…

BTS ရဲ့ V ကိုတော့ ရင်းနှီးသူတွေနဲ့ ARMY တို့က နှလုံးလှတဲ့ နတ်သားလေးတစ်ယောက်ဆိုတာ လက်ခံထားကြပါတယ်။ “အနာဂတ်မှာ ဘာဖြစ်ဖို့ မျှော်လင့်လဲ” ဆိုတဲ့ မေးခွန်းကိုလည်း V ဟာ သူ့ရဲ့ အမူအကျင့်လေးအတိုင်းပဲ နွေးထွေးတဲ့ အဖြေလေး ပေးခဲ့ပါတယ်။

မကြာသေးမီက Tokopedia နဲ့ အင်တာဗျူးမှာတော့ V ကို “ခုလို ကမ္ဘာကျော် အဖွဲ့ဖြစ်လာပီဆိုတော့ နောက်ထပ်ဖြစ်ချင်တဲ့ ဆန္ဒတွေက ဘာတွေများရှိမလဲ” လို့ မေးခဲ့ပါတယ်။ ဒီအခါမှာတော့ V က “ကျွန်တော့်ရဲ့ အဖွဲ့ဝင်တွေအားလုံးကို ၂၀၂၁ မှာ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေစေချင်ပါတယ်” လို့ ပြန်လေ ဖြေကြားခဲ့ပါတယ်။

V ရဲ့ ဒီလိုရိုးရှင်းပြီး နွေးထွေးလှတဲ့ အဖြေစကားလေးကြောင့် BTS အဖွဲ့ဝင်တွေအားလုံးဟာ စိတ်လှုပ်ရှားသွားရပါတော့တယ်။ V ကထပ်လောင်းပြောကြားခဲ့တာကတော့ ” ARMY တို့ကို ပျော်ရွှင်မှု ပေးနိုင်ဖို့ ကျွန်တော်တို့ BTS အဖွဲ့ဝင်တွေကို ကျန်းကျန်းမာမာ ရှိနေစေချင်ပါတယ်” လို့လည်း ပြောခဲ့ပါသေးတယ်။

ဆုတောင်းလေးဟာ ရိုးရှင်းပေမယ့် တကယ့်ကို အရေးအကြီးဆုံး ဆုတောင်းလေးပါပဲ။ ARMY တို့လည်း BTS အဖွဲ့ဝင်တွေကို ကျန်းကျန်းမာမာရှိနေစေချင်တဲ့ ဆုတောင်းလေး ရှိကြတယ်မလား…

Source: Koreaboo
Photo: Tokopedia
Written: Gyi Gyi

Share