စာချုပ်သက်တမ်းကုန်ဆုံးပြီး​နောက် ကိုယ့်လမ်းကိုယ်​လျှောက်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ IZ*ONE အဖွဲ့ဝင်များ

ပ​​ရောဂျက် girl group တစ်ခုဖြစ်တဲ့ IZ*ONE ဟာဆိုရင် ဧပြီလ ၂၉ ရက်​နေ့မှာ တရားဝင် အဖွဲ့ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ Ment ရုပ်သံလိုင်းရဲ့ ‘Produce 48’ အစီအစဉ်က​နေ ​မွေးထုတ်​ပေးလိုက်တဲ့ IZ*ONE အဖွဲ့နဲ့ CJ ENM ရဲ့ စာချုပ်ဟာ ဧပြီလ ၂၉ ရက်မှာ သက်တမ်းကုန်ဆုံးသွားလို့ ခုလို အဖွဲ့ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဧပြီလ အ​စောပိုင်းတုန်းက IZ*ONE ရဲ့ အနုပညာလှုပ်ရှားမှု​တွေကို ပူး​ပေါင်းစီမံခန့်ခွဲ​နေကြတဲ့ Swing Entertainment နဲ့ Off The Record Entertainment တို့က ဧပြီလကုန်မှာ IZ*ONE ရဲ့ အဖွဲ့လိုက် လှုပ်ရှားမှု​တွေကို အဆုံးသတ်​တော့မှာဖြစ်တယ်လို့ ​ကြေငြာခဲ့ပါတယ်။

အဖွဲ့ဝင် ၁၂ ​ယောက်နဲ့ သူတို့ရဲ့ ​အေဂျင်စီ​တွေဟာ အဖွဲ့ရဲ့ အနာဂတ်အတွက် ပွင့်ပွင့်လင်းလင်း ​ဆွေး​နွေးတိုင်ပင်ခဲ့ကြပြီးမှ ခုလို ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ IZ*ONE အဖွဲ့ နောက်ဆုံးအ​နေနဲ့ အဖွဲ့လိုက်လှုပ်ရှားမှု ပြုလုပ်ခဲ့တာက​တော့ ဧပြီလ ၁၃ ရက်​နေ့နဲ့ ၁၄ ရက်​နေ့မှာ ပြုလုပ်ခဲ့တဲ့ ‘One, The Story’ ဆိုတဲ့ online concert ဖြစ်ပါတယ်။

အဖွဲ့ဖျက်သိမ်းပြီး​နောက် ဂျပန်နိုင်ငံသား အဖွဲ့ဝင်​တွေဖြစ်ကြတဲ့ Sakura, Nako နဲ့ Hitomi တို့ဟာ ​ခဏအနားယူဖို့အတွက် ဂျပန်နိုင်ငံကို ပြန်သွားခဲ့ကြပါတယ်။ သူတို့ ၃ ​ယောက်ဟာ အနုပညာလှုပ်ရှားမှု​တွေကို ဂျပန်မှာပဲ ဆက်လုပ်မလား၊ ကိုရီးယားမှာပဲ ဆက်လုပ်မလားဆိုတာက​တော့ ခုထိ အတည်မပြုနိုင်​သေးပါဘူး။

တခြား​သော အဖွဲ့ဝင်​တွေက​တော့ သူတို့ရဲ့ သက်ဆိုင်ရာ ​အေဂျင်စီအသီးသီးကို ပြန်သွားကြပြီး ရှေ့​လျှောက် အနုပညာလှုပ်ရှားမှု​တွေအတွက် ဆက်လက်​ဆွေး​နွေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အဖွဲ့ဝင် Jo Yuri က​တော့ သူမရဲ့ ​မူလအေဂျင်စီဖြစ်တဲ့ Stone Music Entertainment ကို CJ ENM က​နေ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် သူမအ​နေနဲ့ အလုပ်အတူတွဲလုပ်မယ့် ​အေဂျင်စီအသစ်ကို ရှာ​ဖွေရမှာ ဖြစ်ပါတယ်။

Source : AllKpop
Photo : Reddit
Written : ZL

Share