စစ်ထဲမဝင်ခင် ပရိသတ်တွေအတွက် Special Event လေး လုပ်ဖို့စီစဉ်ထားတဲ့ EXO’s Baekhyun

EXO အဖွဲ့ရဲ့ Main Vocal ဖြစ်တဲ့ Baekhyun ဟာ နောက်လအစမှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တတိယမြောက် တကိုယ်တော်အခွေ “Bambi” ဆိုတဲ့ mini album ထွက်ရှိထားပြီး album ဟာ ရောင်းရလွန်းလို့ Double million seller ပါ ဖြစ်လာခဲ့ပါတယ်။

ပရိသတ်တွေအတွက်ဆို social app တွေမှာ အရမ်း active ဖြစ်လွန်းတဲ့ Baekhyun ဟာ ခုတလောမှာ ပိုပြီး ပရိသတ်တွေနဲ့ တရင်းတနှီးဆက်သွယ်လျှက်ရှိပါတယ်။ Twitter မှာလည်း တောက်လျှောက် စာတွေ reply ပြန်ပေးသလို IG တို့ Vlive တို့နဲ့လည်း Live လွှင့်ပေးတတ်ပါသေးတယ်။

မကြာသေးခင်ကလည်း Bambi သီချင်းရဲ့ ကကွက် choreography တွေကို Online Video call ကနေ Baekhyun ကိုယ်တိုင် ပရိသတ်တွေအတွက် Live လွှင့်သင်ကြားပေးခဲ့ပါတယ်။ May လ ၆ ရက်နေ့ဟာ Baekhyun ရဲ့ မွေးနေ့ဖြစ်သလို စစ်မှုထမ်းစတင်မဲ့နေ့ရက်လည်း ဖြစ်ပါတယ်။

ခါတိုင်းနှစ်တွေလို ထိုရက်မှာတော့ ပရိသတ်တွေနဲ့ မွေးနေ့မကျင်းပနိုင်ပေမဲ့ ဒီနှစ်ရဲ့ မွေးနေ့ပွဲကို Baekhyun ဟာ May လ ၁ရက်နေ့မှာ Special Event လုပ်ပြီး ပရိသတ်တွေနဲ့ ရအောင်ဆင်နွှဲမှာ ဖြစ်ပါတယ်။ ညနေ ၃နာရီ (KST) မှာ Naver V live app ကနေ “B-DAY: BAEKHYUN-DAY” ဆိုတဲ့ event ကို EXO channel မှာ Live ကြည့်ရှုကြရမှာဖြစ်ပါတယ်။

Baekhyun ဟာ Birthday Party နဲ့လိုက်ဖက်တဲ့ Game လေးတွေဆော့၊အမေးအဖြေတွေလည်း လုပ်ပေးသွားမဲ့အပြင် သီချင်းတွေလည်း သီဆိုဖျော်ဖြေအုံးမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်းပီသစွာ စစ်မှုထမ်းတာဝန်လည်း ထမ်းဆောင်မှာဖြစ်သလို ခုလို ပရိသတ်တွေအတွက်လည်း ထောင့်စေ့အကွက်ကျအောင် စဉ်းစားပေးတတ်လွန်းတဲ့အတွက် Baekhyun ကို ပရိတ်သတ်တွေ သည်းသည်းလှုပ် ချစ်ကြတာ မဆန်းတော့ပါဖူး။

Source : Koreaboo
Written: Violet

Share