နာမည်ကြီး အ​မေရိကန် talent agency တစ်ခုနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ GOT7 အဖွဲ့ဝင် Mark

ဧပြီလ ၃၀ ရက်​နေ့မှာ အ​မေရိကန် ​ဖျော်​ဖြေ​ရေးသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Deadline က GOT7 အဖွဲ့ဝင် Mark ဟာ နာမည်ကြီး talent agency တစ်ခုဖြစ်တဲ့ Creative Artists Agency (CAA) နဲ့ တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်​​ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

CAA ဟာ Lady Gaga, Beyoncé နဲ့ Mariah Carey တို့လို ကမ္ဘာ့နာမည်ကြီး စတား​တွေနဲ့ အလုပ်အတူလုပ်​နေတဲ့ ​အေဂျင်စီကြီးတစ်ခုဖြစ်ပါတယ်။ Deadline က​တော့ Mark ဟာ CAA နဲ့အတူ သူ့ရဲ့ ဖြစ်တည်မှုကို အ​မေရိကန်နိုင်ငံမှာ ချဲ့ထွင်ထိုး​ဖောက်သွားဖို့ ရည်ရွယ်ထားတယ်လို့ ​​ရေးသားဖော်ပြထားပါတယ်။

ယခုနှစ်အ​စောပိုင်းမှ၊ GOT7 အဖွဲ့ဝင်​တွေအားလုံး JYP Entertainment က​နေ ထွက်ခွာသွားပြီး​နောက် Mark ဟာလည်း သူ့ရဲ့ ​ဇာတိဖြစ်တဲ့ Los Angeles ကိုပြန်သွားခဲ့ပါတယ်။ ထို့​နောက် Youtuve channel ၁ ခုဖွင့်ပြီး solo artist, gamer နဲ့ content creator အဖြစ် လှုပ်ရှားမှု​တွေ လုပ်ကိုင်​နေပါတယ်။ ​

ဖေ​ဖော်ဝါရီလထဲမှာလည်း Sanjoy နဲ့အတူ သီဆိုထားတဲ့ “One in a Million” သီချင်းကို ထုတ်​ဝေခဲ့ပါတယ်။ တခြား​သော အဖွဲ့ဝင်​တွေထဲမှာ Youngjae က Jackson ရဲ့ ​အေဂျင်စီဖြစ်တဲ့ TEAM WANG နဲ့ စီးပွား​ရေးအရ ဆက်နွယ်မှုရှိ​နေတဲ့ Sublime Artist Agency နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး Jinyoung က BH Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Yugyeom က​တော့ AOMG နဲ့ စာချုပ်ချုပ်ခဲ့သလို BamBam က Abyss Company နဲ့ လက်တွဲခဲ့ပါတယ်။ Jay B လို့ နာမည်​ပြောင်းထားတဲ့ JB က​တော့ H1GHR MUSIC နဲ့ စာချုပ်ချုပ်ဖို့ ​ဆွေး​နွေးတိုင်ပင်​နေဆဲလို့ သိရပါတယ်။

Source : AllKpop
Photo : Pinterest
Written : ZL

Share