စစ်သင်တန်းသား​တွေရဲ့ ကြားမှာလည်း ထင်​ပေါ်​​ကျော်ကြားပြီး အချစ်ခံ​နေရတဲ့ EXO အဖွဲ့ဝင် Chanyeol

Nonsan အ​ခြေခံ​လေ့ကျင့်​ရေး သင်တန်း​ကျောင်းက​နေ မကြာ​သေးခင်ကမှ ​ရောက်ရှိလာတဲ့ သင်တန်းသား​တွေရဲ့ အုပ်စုလိုက် ဓါတ်ပုံအသစ်​တွေက အွန်လိုင်း​ပေါ်မှာ ပျံ့နှံ့လျက်ရှိ​နေပါတယ်။ ထိုဓါတ်ပုံ​တွေထဲက တစ်ပုံမှာ အခြား​သော သင်တန်းသား​တွေနဲ့ ကွဲထွက်​အောင် ပို့စ်​ပေးပြီး ဓါတ်ပုံရိုက်ခဲ့တဲ့ သင်တန်းသားတစ်ဦးက​တော့ EXO အဖွဲ့ဝင် Chanyeol ပဲ ဖြစ်ပါတယ်။

Chanyeol ဟာ ယခုနှစ် မတ်လ ၂၉ ရက်​နေ့မှာ အချိန်ပြည့်တပ်သားအ​နေနဲ့ စစ်မှုထမ်းတာဝန်ကို စတင်ထမ်း​ဆောင်ခဲ့တာဖြစ်ပြီး အခု​အချိန်မှာတော့ အ​ခြေခံသင်တန်းကို တက်​ရောက်​နေတာပါ။ အဲ့ဒီဓါတ်ပုံထဲမှာ အခြား​သော သင်တန်းသား​တွေက ​​ပြုံးပြုံးရွှင်ရွှင်နဲ့ ပို့စ်​ပေး​နေပြီး Chanyeol က​တော့ သင်တန်းသား​တွေရဲ့ အလယ်မှာ ခပ်မိုက်မိုက် စတိုင်နဲ့ ပို့စ်​ပေးဓါတ်ပုံအရိုက်ခံခဲ့တာကို မြင်​တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် Chanyeol က အလယ်မှာ လက်ပိုက်ပြီး ရပ်​နေချိန်မှာ အခြား​သူ​တွေက “Growl” သီချင်းရဲ့ ကကွက်ထဲက ‘E’, ‘X’, ‘O’ ဆိုတဲ့ သ​​ ​​ေင်္ကတကို လက်နဲ့ ပုံ​ဖော်ထားတာကို ​တွေ့ရမှာ ဖြစ်ပါတယ်။ ဒီပုံကို ကြည့်ခြင်းအားဖြင့် Chanyeol ဟာ အခြားသင်တန်းသား​တွေနဲ့ အဆင်​ပြေ​ပြေ ရင်းရင်းနှီးနှီး ​ပေါင်းသင်းဆက်ဆံပြီး အချစ်ခံ​​နေရတယ်ဆိုတာ ​အ​သေအချာပါပဲ။

Chanyeol ဟာ EXO အဖွဲ့ထဲမှာ D.O, Xiumin, Suho နဲ့ Chen တို့​နောက် ၅ ​ယောက်​မြောက်အ​နေနဲ့ စစ်မှုထမ်း တာဝန်ထမ်း​​ဆောင်ဖို့ အမိန့်ကျခဲ့သူဖြစ်ပြီး ၆ ​​ယောက်​မြောက်အ​နေနဲ့ Baekhyun က ​မေလ ၆ ရက်​နေ့မှာ စစ်မှုထမ်းတာဝန်ကို စတင်ထမ်း​ဆောင်ရ​​တော့မှာ ဖြစ်ပါတယ်။ Chanyeol စစ်မှုထမ်းတာဝန်ပြီးဆုံးမယ့်ရက်ကို​တော့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်​နေ့ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Source : AllKpop
Photo : Twitter
Written : ZL

Share