၂၀၂၁ ခုနှစ် ဧပြီလအတွက် နာမည်အကြီးဆုံး variety show စတား​​​တွေအဖြစ် ရပ်တည်ခဲ့တဲ့ Running Man အဖွဲ့ဝင်များ

တောင်ကိုရီးယားနိုင်ငံ စီးပွား​ရေးဆိုင်ရာ သု​တေသနဌာနက variety show ကြယ်ပွင့်​​တွေရဲ့ ၂၀၂၁ ခုနှစ် ဧပြီလအတွက် အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်​ကြေငြာချက်ပါတယ်။ ဒီအဆင့်​တွေကို ပရိသတ်​တွေရဲ့ မဲ​ပေးမှု၊ မီဒီယာ​တွေမှာ ​ဖော်ပြခံရမှု၊ လူသိများမှုတို့​ပေါ်မှာ အ​ခြေခံပြီး ဧပြီလ ၁ ရက်​နေ့က​နေ ​​မေလ ၁ ရက်​နေ့အထိ စစ်တမ်း​ကောက်ယူကာ တွက်ချက်ထားတာဖြစ်ပါတယ်။

ယခုလအတွက် ထိုစာရင်းရဲ့ ထိပ်ဆုံး​နေရာကို အမှတ်​ပေါင်း ၂,၁၁၈,၅၉၁ နဲ့ သိမ်းပိုက်ခဲ့တာက​တော့ Nation’s MC Yoo Jae Suk ပဲ ဖြစ်ပါတယ်။ ယခင်လကထက်စာရင် အမှတ်​ပေါင်းဟာ ၆.၅၁ ရာခိုင်နှုန်း မြင့်တက်လာပါ​​သေးတယ်။  Yoo Jae Suk နဲ့ ပတ်သက်တဲ့ keyword ​တွေထဲမှာ “Come Back Home,” “You Quiz,” နဲ့ “MSG Wannabe” စတာ​တွေက အများ​ဆုံးဖြစ်ပါတယ်။

Yoo Jae Suk ဟာ Running Man, Hangout with Yoo, You Quiz on the Block, Come Back Home, Happy Together နဲ့ Six Sense စတဲ့ နာမည်ကြီး variety show ​တွေရဲ့ host တစ်​ယောက်ဖြစ်ပါတယ်။ Asia Prince Lee Kwang Soo က​တော့ ယခင်လထက် ၁၂၅.၈၆ ရာခိုင်နှုန်းထိ အမှတ်​တွေ မြင့်တက်ခဲ့ပြီး အမှတ်​ပေါင်း ၁,၆၁၃,၂၃၆ နဲ့ ဒုတိယ​နေရာကို ရရှိခဲ့ပါတယ်။

Lee Kwang Soo ဟာ အနုပညာလောကမှာ ထင်ရှားတဲ့ သရုပ်​ဆောင်တစ်​​ယောက်ဖြစ်သလို Running Man နဲ့ Busted တို့လို variety show ​​တွေရဲ့ host အဖြစ် ​​ဆောင်ရွက်ပြီး variety show ​လောကမှာ နာမည်ကြီးတဲ့ စတားတစ်​ယောက်လည်း ဖြစ်ပါတယ်။

ဇယားရဲ့ တတိယ​နေရာမှာ ရပ်တည်​နေတာက​တော့Running Man အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kim Jong Kook ဖြစ်ပါတယ်။ သူဟာ အမှတ်​ပေါင်း ၁,၂၀၇,၉၅၁ ရရှိခဲ့ပြီး ယခင်ကလထက် ၃၄.၁၄ ရာခိုင်နှုန်း အမှတ်တိုးလာခဲ့ပါတယ်။

Kim Jong Kook ဟာ သူ့ရဲ့ ​​တောင့်တင်းတဲ့ ခန္ဓါကိုယ်နဲ့ မလိုက်ဖက်​လောက်​​အောင် ချိုမြိန်တဲ့ အသံကို ပိုင်ဆိုင်ထားတဲ့ အဆို​တော်တစ်​ယောက်ဖြစ်သလို Family Outing, I Can See Your Voice, My Little Old Boy နဲ့ The Call တို့အပြင် အခြား​သော variety show များစွာမှာ ပါဝင်ပြီး variety show ​လောကမှာ ​ကျော်ကြားတဲ့ လူတစ်ဦးဖြစ်ပါတယ်။

Source : Soompi
Photo : Naver
Written : ZL

Share