နာမည်ကြီးထိုင်းမင်းသမီးတွေထဲက အားကျဖွယ်ရာ glowing skin ကို ပိုင်ဆိုင်ထားကြသူလေး ၈ ဦး

အနုပညာရှင်တွေဖြစ်တဲ့အလျောက် အလှအပဆိုင်ရာပြုပြင်ထိန်းသိမ်းမှုတွေနဲ့ ကိုယ်ခန္ဓာကိုယ် ဂရုစိုက်ကြတဲ့ ထိုင်းမင်းသမီးလေးတွေထဲကမှ အားကျဖွယ်ရာ ကျန်းမာလှပဝင်းမွတ်စိုပြေတဲ့ glowing skin တွေကို ပိုင်ဆိုင်ထားသူလေး ၈ ဦးကတော့ ရှိနေပါတယ်။

Yaya Urassaya


နာမည်ကြီးထိုင်းမင်းသမီးဖြစ်သူ Yaya Urassaya ကတော့ သရုပ်ဆောင်စွမ်းရည်အပြင် သူမရဲ့ နူးညံ့ချောမွတ်တဲ့ အသားအရေကြောင့် နာမည်ရသူလေးပါပဲ။ ဒါ့ကြောင့်လည်း အလှအပဆိုင်ရာကုန်ပစ္စည်းအတော်များများရဲ့ brand ambassador အဖြစ် ခန့်အပ်ခြင်းခံထားရသူလေးလည်းဖြစ်ပါတယ်။

Baifern Pimchanok


နုနုဖတ်ဖတ်ပုံစံလေးနဲ့ ချစ်စရာကောင်းသူလေး Baifern Pimchanok ကတော့ ပိုးသားလေးလိုနူးညံ့တဲ့အသားအရေလေးကို ပိုင်ဆိုင်ထားသူလေးပါပဲ။ Baifern လည်းပဲ မြောက်မြားစွာသော အလှထုတ်ကုန်ပစ္စည်းတွေရဲ့ အဓိကကြော်ညာမော်ဒယ်အဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။

Taew Natapohn


ပွဲဦးထွက်ချိန်ကတည်းက ယခုလက်ရှိအချိန်အထိ လှပကျန်းမတဲ့အသားအရေလေးကြောင့် အမြဲတင့်တယ်စွာကျက်သရေရှိနေသူလေးကတော့ Taew Natapohn ပါပဲ။ နေ့စဥ်အချိန်ဇယားအတိုင်းအလုပ်တွေပြီးရင် Taew ဟာ အသုံးပြုထားတဲ့ makeup တွေကို စနစ်တကျ သန့်စင်လေ့ရှိပြီး သူမရဲ့အသားအရေလှပဖို့အတွက် ဂရုတစိုက်ထိန်းသိမ်းကြောင်း အင်တာဗျူးတစ်ခုမှဖြေခဲ့ဖူးပါတယ်။

Bua Nalinthip


ဒီစာရင်းထဲမှာတော့ မင်းသမီးလေး Bua Nalinthip ဟာ သူမရဲ့ နုပျိုလတ်ဆတ်တဲ့အသားအရေကြောင့်ပဲ ပါဝင်လာခဲ့ပါတယ်။ Instagram မှာ သူမတင်သမျှပုံလေးတွေတိုင်းမှာဆိုရင် သူမဟာ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်နေတာလေးကို တွေ့မြင်ကြရမှာပါ။

Thisa Varitthisa


ထိပ်တန်းစာရင်းဝင်မင်းသမီး Thisa Varitthisa သူမရဲ့ကြည်လင်တောက်ပတဲ့ အသားအရေကြောင့် လူအများကြားမှာ ထင်းနေလေ့ရှိပါတယ်။ Thisa ဟာလည်းပဲ သူမရဲ့အသားအရေကျန်းမာနုပျိုဖို့အတွက် အမြဲတမ်းဂရုစိုက်တယ်လို့ဆိုပါတယ်။ နုပျိုလတ်ဆတ်တဲ့အသားအရေကို ရရှိချင်ရင်တော့ ရေများများသောက်ဖို့လည်း အကြုံပြုထားပါသေးတယ်။

Mookda Narinrak


နာမည်ကြီးလာတဲ့တက်သစ်စမင်းသမီးလေး Mookda Narinrak ရဲ့ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့အလှအပပိုင်ရှင်လေးဆိုတာကိုတော့ မငြင်းနိုင်ပါဘူးနော်။ မိတ်ကပ်မပါဘဲတောင် ပြစ်မျိုးမှဲ့မထင် လှနေတဲ့ သဘာဝအလှပိုင်ရှင်လေးဖြစ်တာမို့လို့ ပရိသတ်တွေအားကျရတဲ့ အလှပဂေးလေးတစ်ယောက်ပါပဲ။

Mai Davika


ဆွဲဆောင်မှုရှိရှိနဲ့ ညို့ငင်အားပြင်းတဲ့ သဘာဝအလှပိုင်ရှင်လေးကို ဖော်ပြရရင်တော့ Mai Davika ပါပဲ။ Davika ရဲ့ အလှကတော့ မိန်းကလေးပရိသတ်အများအပြားအားကျအတုယူရတဲ့အလှမျိုးဖြစ်ပြီး သူမကိုယ်တိုင်ဟာလည်း အလှအပကုန်ပစ္စည်းတွေနဲ့လက်တွဲထားတဲ့ ထိပ်တန်း brand ambassador တစ်ယောက်ပါပဲ။

Grace Karnklao


Grace Karnklao ကတော့ glowing skin ရှိတဲ့မင်းသမီးရယ်လို့ လူသိများလှပါတယ်။ ဝင်းလက်စိုပြေတဲ့အသားအရည်ကို လိုချင်တဲ့မိန်းကလေးပရိသတ်တွေကတော့ Grace ကို အားကျပြီးရင်း အားကျနေရတော့တာပါပဲ။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share