ငယ်ရွယ်ချောမောပြီး နာမည်ကြီးနေတဲ့ ဘန်ကောက်မြို့သား ထိုင်းမင်းသား ၉ ဦး

ထိုင်းအနုပညာလောကမှာ နေရပ်ဒေသမတူညီတဲ့ သရုပ်ဆောင်အနုပညာရှင်တွေအများအပြားရှိပြီး ထိုအထဲမှာမှ ထိုင်းနိုင်ငံရဲ့အထင်ကရမြို့တော် ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ နာမည်ကျော်ကြားလူကြိုက်များနေတဲ့ လူငယ်မင်းသား ၉ ဦးကတော့..

Oab Nithi


မင်းသား Oab Nithi ကတော့ ၂၀၂၁ မှာပဲ အသက် ၂၆ နှစ်ကိုကူးပြောင်းတော့မှာဖြစ်ပါတယ်။ မင်းသမီး Maprang Alrisa နဲ့ ချစ်သူရည်းစားတွေဖြစ်နေပြီး လက်ရှိမှာတော့ ONE 31 ရဲ့ “Chit Sanghan” ဇာတ်လမ်းနဲ့ “Blackout” series ကို ရိုက်ကူးနေပါတယ်။

Tor Thanapob


Tor Thanapob ကတော့ ဘန်ကောက်မြို့သားဖြစ်ပြီး လူကြိုက်များတဲ့မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ Tor ကတော့ “Hormones The Series” နဲ့ လူသိများလာခဲ့ပြီး “Huajai Sila” ဇာတ်လမ်းတွဲနဲ့ ကျော်ကြားပြီးလူကြိုက်များလာခဲ့တာပါ။ Tor ကလည်း ဒီနှစ်မှာ ၂၆ နှစ်ပြည့်မှာဖြစ်ပါတယ်။

Bank Thiti


အသက် ၂၄ နှစ်အရွယ် Bank Thiti ကတော့ “The Con-Heartist” ဆိုတဲ့ ဟာသဇာတ်ကားထဲမှာ သူ့ရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကို Nadech Kugimiya နဲ့ Baifern Pimchanok တို့နဲ့အတူ ပြသထားနိုင်ခဲ့ပါတယ်။

Jaylerr Krissanapoom


Jaylerr ကတော့ သရုပ်ဆောင်မင်းသားကောင်းတစ်ယောက်တင်မကဘဲ ကျော်ကြားတဲ့အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ ဘန်ကောက်မှာမွေးဖွားခဲ့သူ Jaylerr Krisssanapoom ကတော့ ၂၄ နှစ်ရှိပြီဖြစ်ပြီး မော်ဒယ်မင်းသမီးလေး Thanaerng Kanyawee နဲ့ တွဲနေတာဖြစ်ပါတယ်။

Ice Paris


အသက် ၂၂ နှစ်ပဲရှိသေးတဲ့ Ice Paris ကတော့ ဘက်စုံတော်တဲ့မင်းသားတစ်ယောက်ပါပဲ။ အဆိုရော အကပါ ကျွမ်းကျင်တဲ့အပြင် သရုပ်ဆောင်လည်းပိုင်နိုင်လှပါတယ်။ လက်ရှိမှာတော့ “Ghost Lab” ဆိုတဲ့ ဇာတ်ကားကို Tor Thanapob နဲ့ Nychaa Nuttanicha တို့နဲ့အတူ ရိုက်ကူးနေပါတယ်။

Captain Chonlatorn


လူကြိုက်များတဲ့ထိုင်းမင်းသား Captain Chonlatorn ကလည်း အသက် ၂၂ နှစ်ပဲရှိပါသေးတယ်။ Captain ကိုတော့ BL ဇာတ်လမ်းတွဲဖြစ်တဲ့ “Love Sick The Series” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများလာခဲ့တာပါ။ လက်ရှိမှာတော့ “Blackout” ဆိုတဲ့ Series ကို Oab Nithi နဲ့အတူ ရိုက်ကူးနေပါတယ်။

Sky Wongravee


အသက် ၂၂ နှစ်အရွယ် ဘန်ကောက်မြို့သား Sky Wongravee ကိုတော့ “Hormones The Series: Season 3” မှာ သူ့ရဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် လူသိများလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ “My Ambulance: Ruk Chut Jai Nai Chuk Chern” မှာ ဆရာဝန်လေးတစ်ယောက်အဖြစ် ပြောင်မြောက်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် မိန်းကလေးပရိတ်သတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ရယူခဲ့ပါတော့တယ်။

Billkin Puttipong


Billkin Puttipong ကတော့ အသက် ၂၁ နှစ်ပဲရှိပါသေးတယ်။ ကောင်းမွန်ချိုမြတဲ့အသံလေးကြောင့် အဆိုတော်အဖြစ်လည်း နာမည်ကြီးသလို သရုပ်ဆောင်နယ်ပယ်မှာလည်း ပရိသတ်အခိုင်အမာရရှိထားပါတယ်။ ဒီနှစ်အတွင်းမှာပဲ “I Told Sunset About You” ဆိုတဲ့ BL ဇာတ်လမ်းနဲ့ ပရိသတ်တွေကြားမှာ ပိုမိုကျော်ကြားလာခဲ့ပါတော့တယ်။

PP Krit


PP Krit လည်းပဲ အသက် ၂၁ နှစ်ပဲ ရှိသေးတာဖြစ်ပြီး Billkin Puttipong နဲ့အတူ “My Ambulance: Ruk Chut Jai Nai Chuk Chern” မှာကော “I Told Sunset About You” မှာပါ အကောင်းဆုံးနဲ့ တွဲဖက်ညီညီသရုပ်ဆောင်ပြနိုင်မှုတွေကြောင့် တဟုန်ထိုးနာမည်ကြီးပြီး လူကြိုက်များတဲ့မင်းသားတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share