BTS နဲ့ Justin Bieber တို့ရဲ့ အလန်းစား Collaboration ကို မြင်တွေ့နိုင်တော့မှာလား?

မကြာသေးမီက Page Six မှ ဖော်ပြခဲ့တဲ့ သတင်းအရ BTS နဲ့ Justin Bieber တို့ရဲ့ အလန်းစား Collaboration ကို မြင်တွေ့နိုင်ခြေရှိတယ်လို့ သိရပါတယ်။ Page Six မှ ဖော်ပြခဲ့တာကတော့ “Justin Bieber နဲ့ BTS တို့ဟာ သူတို့ရဲ့ Collaboration အတွက် ပြီးပြည့်စုံစွာ ချပြနိုင်ဖို့အတွက် သေချာစီစဉ်ပြီး အချိန်ယူနေတာဖြစ်တယ်” လို့ ဆိုပါတယ်။

ခန့်မှန်းချက် အချို့အရတော့ BTS နဲ့ Justin Bieber တို့ရဲ့ collaboration ဟာ ယခုနှစ် မတ်လမှာ ထွက်ရှိခဲ့တဲ့ Justin Bieber ရဲ့ “Justice” အတွက် Repackage version ထွက်ရှိရာမှာ ပါဝင်လာနိုင်တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာဆိုရင်တော့ BTS ရဲ့ အေဂျင်စီဖြစ်တဲ့ HYPE Labels နဲ့ ကမ္ဘာကျော် အဆိုရှင်တွေဖြစ်ကြတဲ့ Justin Bieber, Ariana Grande, Demi Lovato နဲ့ J Balvin တို့ရဲ့ အိမ်ဖြစ်တဲ့ Ithaca Holdings တို့ဟာ ပူးပေါင်းခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီလို HYPE Labels နဲ့ Ithaca Holdings တို့ရဲ့ပူးပေါင်းမှုဟာ BTS နဲ့ Ithaca Holdings မှာ အနုပညာရှင်တို့ရဲ့ Collaboration တွေရဲ့ လမ်းကြောင်းကို ပိုမိုပွင့်လာစေတယ်လို့ အားလုံးက ယုံကြည်နေကြပါတယ်။ ဒါ့ကြောင့် တကယ်ကို မဝေးတော့တဲ့ အနာဂတ်မှာ BTS နဲ့ Justin Bieber တို့ရဲ့ အမိုက်စား Collaboration ကို မြင်ရနိုင်တယ်လို့ ဆိုရမှာပါပဲ။

Source: Allkpop
Photo: Naver
Written: Gyi Gyi

Share