Thai TV3 မှ အရပ် ၅ ပေ ၇ လက်မကျော်ရှည်တဲ့ ခေါင်းဆောင်မင်းသမီး ၁၀ ဦး

Thai TV3 မှာ နာမည်ကြီးတဲ့ ထိပ်တန်းခေါင်းဆောင်မင်းသမီးများစွာရှိတဲ့အနက် အရပ် ၅ ပေ ၇ လက်မကျော်တဲ့အထိ အရပ်ရှည်တဲ့ မင်းသမီး ၁၀ ဦးကတော့ရှိနေပါတယ်။ သူတို့တွေကတော့…

Bow Maylada
နာမည်ကြီးခေါင်းဆောင်မင်းသမီး Bow Maylada ရဲ့အရပ်ကတော့ 176 cm (5’9″) ကျော်ပါတယ်။ ရှည်လျားသွယ်လျတဲ့အရပ်နဲ့ ကျော့ရှင်းတဲ့အလှကြောင့်ပဲ Thai Supermodel Contest 2013 ရဲ့ အနိုင်ရရှိသူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

Rita Sririta
Thai-Danish ဖြစ်တဲ့ မင်းသမီး Rita Sririta ကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို model လည်းဖြစ်ပါတယ်။ 173 cm (5’8″) ကျော်တဲ့အရပ်ကြောင့် လူအများကြားမှာ ထင်ရှားနေတဲ့သူလေးပါ။

Yaya Urassaya
ထိပ်တန်းမင်းသမီးလေး Yaya Urassaya ကတော့ Thai-Norwegian ရောစပ်တဲ့ထိုင်းမင်းသမီးလေးပါ။ ချစ်စရာကောင်းတဲ့အသွင်အပြင်ရှိသလို 172 cm (5’8″) အထိရှည်လျားတဲ့အရပ်ကို ပိုင်ဆိုင်ထားသူလေးပါပဲ။

Chompoo Araya
Thai-British ရောစပ်ထားတဲ့မင်းသမီးချောလေး Chompoo Araya ကတော့ အနောက်တိုင်းဆန်တဲ့အလှအပြင် 171 cm (5’8″) နီးပါးရှိတဲ့အရပ်ကို ပိုင်ဆိုင်ထားတာကြောင့် ကျော့ရှင်းသွယ်လျတဲ့ အသွင်အပြင်ကိုဖော်ဆောင်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ ဖက်ရှင်ကျသူမိန်းမလှလေးအဖြစ်လည်း လူသိများကျော်ကြားပါတယ်။

Kimmy Kimberley
အရပ်ရှည်ရှည်နဲ့လှပသူလေးဖြစ်သူ Kimmy Kimberley ကတော့ Thai-German သွေးရောစပ်ပြီး အနုပညာနယ်ပယ်ထဲမှာလည်း ထင်ရှားတဲ့ရုပ်ရည်ပိုင်ရှင်လေးပါပဲ။ 170 cm (5’7″) ရှိတဲ့အရပ်ကြောင့်လည်း လူအများကြားထဲမှာ ထင်းခနဲဖြစ်နေသူလေးလည်းဖြစ်ပါတယ်။

Matt Peranee
နောက်ထပ် အရပ် 170 cm (5’7″) ရှိသူ Matt Peranee ကတော့ Thai-Norwegian ရောစပ်သူလေးပါပဲ။ လှပတဲ့အပြင် ရှည်လျားတဲ့အရပ်ကြောင့် စတိုင်လ်ကျနေသူလေးဆိုရင်လည်း မမှားပါဘူး။

Mint Chalida
ချစ်စရာ​ကောင်းတဲ့ Mint Chalida ကတော့ တရုတ်နဲ့အိန္ဒိယသွေးတွေ ရောစပ်နေတဲ့ ထိုင်းနိုင်ငံသူလေးပါပဲ။ 170 cm (5’7″) အထိ အရပ်ရှည်သူလေးဖြစ်ပြီး လှပတဲ့အသွင်အပြင်ကိုဖော်ဆောင်နေပါတယ်။

Yam Matira
ငယ်ရွယ်တဲ့မင်းသမီးချောလေး Yam Matira ကလည်းပဲ အရပ် 170 cm (5’7″) ရှည်ပါတယ်။ သြစတြေးလျနိုင်ငံ Queensland မှာ မွေးဖွားခဲ့သူလေးဖြစ်ပြီး အထက်တန်းကျောင်းသူဘဝမှာပဲ ထိုင်းနိုင်ငံကိုပြောင်းရွှေ့လာခဲ့ပြီး ယခုအချိန်မှာတော့ အနုပညာရှင်လေးတစ်ယောက်ဖြစ်နေပါပြီ။

Nychaa Nuttanicha
ကျွမ်းကျင်လှတဲ့သရုပ်ဆောင်စွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့ Nychaa Nuttanicha ကတော့ လူကြိုက်များရေပန်းစားလာတဲ့တက်သစ်စမင်းသမီးလေးတစ်ယောက်ပါပဲ။ အရပ် 170 cm (5’7″) ရှိတာကြောင့် အရပ်ရှည်တဲ့မိန်းမလှလေးတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။

Namtarn Pichukkana
Nychaa ရဲ့ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် Namtarn Pichukkana ကလည်း လှပတဲ့မိန်းမပျိုလေးတစ်ဦးဖြစ်ပါတယ်။ သူမကလည်းပဲ အရပ်ရှည်သူလေးဖြစ်တဲ့နဲ့အညီ 170 cm (5’7″) ရှိတဲ့အရပ်ကို ပိုင်ဆိုင်ထားပါတယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share