ပရိတ်သတ်တွေစောင့်စားနေတဲ့ အလန်းစား K-Pop သီချင်းများ ထွက်ရှိလာမယ့် ၂၀၂၁ မေလ

၂၀၂၁ ခုနှစ် မေလကတော့ တကယ့်ကို အမိုက်စားသီချင်းတွေ ထွက်ရှိလာမယ့် လပါပဲ။ မေလမှာ ဘယ်လိုသီချင်းတွေ ပရိသတ်ရှေ့မှောက် ရောက်လာမယ်ဆိုတာ ကြည့်လိုက်ရအောင်နော်။

1. May 3

မေလ ၃ ရက်နေ့မှာတော့ အဖွဲ့ဝင်အားလုံး စစ်မှုထမ်း တာဝန်ပြီးဆုံးသွားပြီ ဖြစ်တဲ့ “Highlight” အဖွဲ့ဟာ ၂ နှစ်အကြာမှာတော့ ” The Blowing” ဆိုတဲ့ Album ထွက်ရှိလာတာ ဖြစ်ပါတယ်။
Super Junior ရဲ့ Yesung ကလည်း “Beautiful Night” ဆိုတဲ့ Album ထွက်ရှိမှာပါ။ John Park ရဲ့ “Daydreamer” ကို လည်း နားဆင်နိုင်မယ့်အပြင် Zion T နဲ့ Sumin တို့ရဲ့ Collaboration အသစ်ကိုလည်း ခံစားနိုင်မှာပါ။

2. May 4

Hi Cute အဖွဲ့ရဲ့ “Grey Area” အပြင် “Ben” ရဲ့ “Because I am a woman.” ကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။

3. May 5

Punch ရဲ့ “We’re Breaking Up.” ထွက်ရှိမယ့် နေ့ပါပဲ။

4. May 6

“Start Up” မင်းသားလေး Kim Seon Ho ရဲ့ပရိသတ်တို့အတွက် လက်ဆောင် သီချင်းသစ်လေး ထွက်ရှိမယ့် နေ့ပါ။

5.May 7

Aliee ရဲ့ “LOVIN” အယ်လ်ဘမ်နဲ့အတူ သီချင်းသစ် ၆ ပုဒ်တောင် နားဆင်နိုင်မှာပါ။

6. May 10

Oh My Girl အဖွဲ့ရဲ့ “Dear Oh My Girl” လို့ အမည်ရတဲ့ mini album ထွက်ရှိမှာပါ။ NCT DREAM ကလည်း “Hot Sauce” လို့ အမည်ရတဲ့ ပထမဆုံး full-length album ထွက်လာမှာပါ။

7. May 12

WJSN ရဲ့ “WJSN THE BLACK” ဆိုတဲ့ subunit debut မယ့်နေ့ဖြစ်ပြီး BLITZERS ဆိုတဲ့ အဖွဲ့သစ်လည်း ပရိသတ်ရှေ့မှောက် ရောက်လာမှာပါ။

8. May 18

SHINee Taemin ရဲ့ solo သီချင်းသစ် ထွက်ရှိမှာပါ။ ဒါ့အပြင် “TRI.BE” အဖွဲ့ရဲ့ “CONMIGO” ဆိုတဲ့ သီချင်းလည်း ထွက်ရှိလာမှာပါ။

9. May 20

GWSN အဖွဲ့ရဲ့ comeback နေ့ပါပဲ။ Bling Bling ကလည်း ” CONTRAST” ဆိုတဲ့ album ထွက်ရှိလာမှာပါ။

10. May 21

BTS နဲ့ ARMY တို့ရဲ့ နေ့ပါပဲ။ ချိုမြိန်စေမယ့် “BUTTER” ထွက်ရှိမှာပါ။

11. May 31

TXT အဖွဲ့ရဲ့ album “The Chaos Chapter: FREEZE.” ထွက်ရှိလာမှာပါ။

Source: Soompi
Photo: Naver
Written: Gyi Gyi

Share