K-Pop Idol များစွာ ပါဝင်သရုပ်​ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းတွဲအသစ် “Ghost Story”

မကြာမီပြသသွားမယ့် “Ghost Story” ဆိုတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲဟာ ​နေ့စဉ်ဘဝမှာ ကြုံ​တွေ့​ရနိုင်တဲ့ ​ထိတ်လန့်စရာ အဖြစ်အပျက်​လေး​တွေကို အသား​ပေး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ အလွယ်တကူ မြင်​တွေ့နိုင်တဲ့ ပရိ​ဘောဂ​အ​ဟောင်း​တွေ၊ လူရုပ်​​တွေ၊ မှန်​တွေိနဲ့ ဆိုရှယ်မီဒီယာလို အရာမျိုး​တွေမှာ စွဲကပ်​နေထိုင်တဲ့ ဝိညာဉ်​တွေရဲ့ ​ခြောက်လှန့်ခြင်းကို ခံရတဲ့အ​ကြောင်းမျိုးပါ။

ဒီဇာတ်လမ်းတွဲမှာ အပိုင်းတို​လေး​တွေ ၁၀ ပိုင်း ပါဝင်မှာဖြစ်ပြီး အပိုင်းတိုင်းမှာ မတူကွဲပြားတဲ့ ထိတ်လန့်​ခြောက်ခြားဖွယ် ခံစားမှုရသကို ​​ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် ဒီဇာတ်လမ်းတွဲထဲမှာ Golden Child’s Jaehyun, Lovelyz’s Jisoo, WJSN’s SeolA နဲ့ Exy, MONSTA X’s Shownu, Oh My Girl’s Arin, AleXa, BTOB’s Minhyuk, Hoya (Lee Ho Won) နဲ့ THE BOYZ’s Ju Haknyeon စတဲ့ K-Pop Idol များစွာက အဓိက ပါဝင်သရုပ်​ဆောင်ထားတာဖြစ်ပြီး Kim Do Yoon, Oh Ryoong, Lee Soo Min, Lee Yul Eum, Lee Young Jin နဲ့ Jung Won Chang တို့လို ဝါရင့်သရုပ်​ဆောင်များကလည်း ပါဝင်ထားတာဖြစ်ပါတယ်။

ပရိသတ်​တွေဟာ ဒီဝါရင့်သရုပ်​ဆောင်​တွေနဲ့ သရုပ်​ဆောင်ပိုင်းမှာ လူအထင်ကြီးခံရပြီး နာမည်​ကောင်းရထားတဲ့ Idol ​တွေရဲ့ တွဲဖက်သရုပ်​ဆောင်မှုကို အလွန်​မျှော်လင့်​နေကြပါတယ်။ ဒီ “Ghost Story” ဇာတ်လမ်းတွဲကို ​ဟောင်​ကောင်၊ ဗီယက်နမ်၊ ထိုင်ဝမ်နဲ့ ဂျပန်နိုင်ငံ​တွေမှာပါ တစ်ခဲနက် အား​ပေးခံခဲ့ရတဲ့ “Geodam” ဆိုတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲအသစ်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Hong Won Ki က ရိုက်ကူးထားတာဖြစ်ပြီး ဧပြီလကုန်​လောက်က ရိုက်ကူးပြီးစီးသွားပြီ ဖြစ်ပါတယ်။

Zanybros နဲ့ Megabox Plus M ကုမ္ပဏီနှစ်ခုက ပူး​ပေါင်း ထုတ်လုပ်သွားမှာဖြစ်ပြီး သည်းထိပ်ရင်ဖိုဇာတ်လမ်း​တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်​တွေအတွက် အကြိုက်​တွေ့​စေမယ့် ဇာတ်ကား​ကောင်းတစ်ကား ဖြစ်ပါတယ်။

Source : Soompi
Photo : Naver
Written : ZL

Share