Gold House က​ ​ရွေးချယ်တဲ့ ထိပ်တန်းပုဂ္ဂိုလ်​ ၁၀၀ စာရင်းမှာ ပါဝင်လာတဲ့ BTS နဲ့ BLACKPINK

Gold House ဆိုတာက​တော့ အာရှပစိဖိတ်​ဒေသမှာ ရှိတဲ့ ကျွန်းစု​တွေက တည်​ထောင်သူ​တွေ၊ ​ခေါင်း​ဆောင်​တွေနဲ့ အခြား​သော ​အောင်မြင်​ကျော်ကြားတဲ့ ပုဂ္ဂိုလ်​တွေပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အာရှ၊ အ​မေရိကန်နဲ့ ပစိဖိတ်​ဒေသမှာ ​နေထိုင်သူ​တွေရဲ့ ​ယဉ်​ကျေးမှုအ​မွေအနှစ် အထိမ်းအမှတ်လကို ဆင်နွှဲတဲ့အ​နေနဲ့ Gold House ဟာ ၂၀၂၁ ခုနှစ်ရဲ့ A100 စာရင်းကို ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။

အဲ့ဒါက​​တော့ ယခင်နှစ်က ကမ္ဘာတစ်ဝှမ်းမှာ သြဇာလွှမ်းမိုးမှု အကြီးမားဆုံး ​ခေါင်း​ဆောင်အ​ယောက် ၁၀၀ ရဲ့ စာရင်းပဲဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ယခင်နှစ်က နယ်ပယ်အသီးသီး၊ အလုပ်အကိုင်အသီးသီးမှာ သြဇာလွှမ်းမိုးမှုရှိပြီး အ​ပြောင်းအလဲ​တွေ လုပ်​ဆောင်နိုင်ခဲ့တဲ့ မတူကွဲပြားတဲ့ ထူးချွန်တဲ့ ပုဂ္ဂိုလ်​တွေကို ​​ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

A100 စာရင်းမှာဆိုရင် နယ်ပယ်အလိုက် သက်​ရောက်မှု အကြီးမားဆုံး A1 ပုဂ္ဂိုလ်​တွေကို ​အသား​ပေးဖော်ပြထားပါတယ်။ ဥပမာအားဖြင့် ​ဖျော်​ဖြေ​ရေးနယ်ပယ်မှာဆိုရင် စာ​ရေးဆရာမ၊ ဒါရိုက်တာ Chloé Zhao၊ Lifestyle နယ်ပယ်မှာဆိုရင် စာ​ရေးဆရာ၊ အစီအစဉ်တင်ဆက်သူ၊ ထုတ်လုပ်သူ Padma Lakshmi ၊ မီဒီယာနဲ့ သတင်းနယ်ပယ်မှာဆိုရင် ABC7NY ရဲ့ သတင်း​​ထောက် CeFaan Kim နဲ့ NBC Asian America ရဲ့ သတင်း​ထောက် Kimmy Yam စသဖြင့် ဖြစ်ပါတယ်။

ဒီ Gold House ရဲ့ ၂၀၂၁ ခုနှစ် A100 စာရင်းထဲမှာ BLACKPINK အဖွဲ့ဟာလည်း ဂုဏ်ယူစရာ​ကောင်းစွာ ပါဝင်လာခဲ့ပြီး BTS အဖွဲ့ဟာလည်း ယခုနှစ်မှာ ဒုတိယအကြိမ်အ​နေနဲ့ “Hall of Fame” အ​နေနဲ့ တရားဝင် အသိအမှတ်ပြုခံခဲ့ရပါတယ်။

ဒါတင်မက​သေးပဲ digital platform ​တွေကို အသုံးပြုပြီး လူမှုအကျိုးပြုလုပ်ငန်း​တွေကို တက်တက်ကြွကြွ ထိထိ​ရောက်​​ရောက်လုပ်​ဆောင်နိုင်တဲ့အတွက် K-Pop Fandom ​တွေအားလုံးဟာလည်း A100 စာရင်းထဲမှာ ပါဝင်ဂုဏ်ပြုခံခဲ့ရပါတယ်။

A100 စာရင်းမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်​တွေဟာ နယ်ပယ်အသီးသီးက ထင်​ပေါ်​ကျော်ကြားတဲ့ ကိုယ်စားပြုပုဂ္ဂိုလ်​တွေနဲ့ ဖွဲ့စည်းထားတဲ့ အကဲဖြတ်အဖွဲ့ရဲ့ အ​သေးစိတ်ကျပြီး ဂရုတစိုက် စိစစ်မှုကို ​ကျော်ဖြတ်ပြီးမှ ပါဝင်လာခဲ့တာပါ။

အကဲဖြတ်အဖွဲ့ထဲမှာ အဆို​တော်၊ မင်းသမီး Lea Salonga, Mastercard ရဲ့ ဥက္ကဌ Ajay Banga, Panda Express ရဲ့ CEO ​တွေဖြစ်ကြတဲ့ Andrew နဲ့ Peggy Cherng, Disney ရဲ့ ဥက္ကဌ Bob Iger နဲ့ GLAAD ရဲ့ CEO ဖြစ်တဲ့ Sarah Kate Ellis တို့ ပါဝင်ပါတယ်။ ထို့အပြင် Daniel Dae Kim, George Takei, Lisa Ling, Michael B. Jordan, Michelle Yeoh နဲ့ အခြား​​သော Gold House အဖွဲ့ဝင် ပုဂ္ဂိုလ်များစွာကလည်း ဒိုင်လူကြီးအဖြစ် ​​ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Source : Allkpop
Photo : Gold House Website
Written : ZL

Share