Lisa အကူအညီတောင်းလိုက်တာနဲ့ ချက်ချင်းကူညီပေးခဲ့တဲ့ WayV အဖွဲ့ဝင် Ten

Lisa ဟာ “Youth With You” variety အစီအစဉ်မှာ mentor အဖြစ် ပါဝင်နေတာဖြစ်ပါတယ်။ ယခုတစ်ပတ်ရဲ့ အပိုင်းမှာတော့ Lisa ရဲ့ Team ဟာ WayV ရဲ့ “Kick Back” သီချင်းနဲ့ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ Mentor ကြီး Lisa ကတော့ သူမ team က trainee တွေအတွက် သူမကိုယ်တိုင် ကကွက်တွေကို ကပြပြီးသင်ကြားပေးခဲ့ပါတယ်။

Lisa က Trainee တွေကို သင်ကြားမကပြခင်မှာ သူမရဲ့သူငယ်ချင်းဖြစ်သူ WayV အဖွဲ့ဝင် Ten ဆီမှာ လူကိုယ်တိုင် သွားသင်ခဲ့ကြောင်း ခုလိုဆိုပါတယ် “ငါ့ သူငယ်ချင်းဖြစ်တဲ့ Way V အဖွဲ့က Ten ကို ဒီကကွက်တွေ ဘယ်လိုကရတယ်ဆိုတာ သင်ပေးဖို့ တောင်းဆိုခဲ့တယ်။ဘာလို့လည်းဆိုတော့ ငါ မင်းတို့ကို မူရင်းအကပိုင်ရှင်ဆီက ကကွက်တွေကို သေချာသင်ပေးချင်လို့ပါ”

Ten ကလည်း Weibo နဲ့ Instagram မှာ Lisa နဲ့အတူတူ “Kick Back” သီချင်းကို အကကျင့်ခဲ့တဲ့ Video clip လေးကို တင်ပေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ Lisa နဲ့ Ten ကြားက Friends hip ကို အကြီးအကျယ် သဘောကျ နှစ်ခြိုက်နေကြပါတယ်။

Lisa နဲ့ Ten ခုလို တွဲကတာ ဒါပထမဆုံးတော့မဟုတ်ပါဖူး။ လွန်ခဲ့တဲ့သုံးနှစ်က Male idol တွေနဲ့ Female idol တွေ Special collaboration လုပ်တဲ့ Stage မှာလည်း Lisa နဲ့ Ten ဟာ အတွဲညီညီနဲ့ ပရိသတ်တွေကို ကပြဖျော်​ဖြေဖူးပါတယ်။

ထိုင်းကနေ တကူးတကလာပြီး Korea မှာ Kpop Idol လာလုပ်ကြတဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်ကို ပရိသတ်တွေက သဘောကျကြပြီး သူတို့ရဲ့ moments တွေကို ဒီထက် ပိုမြင်ချင်ကြကြောင်း ဆိုနေကြပါတယ်။

Source: Koreaboo
Written: Violet

Share