အမြဲလေးစားအားကျရတဲ့ အနုပညာရှင်နဲ့ အတူတူတွဲဆိုထားတဲ့ သီချင်းထွက်ရှိတော့မှာမို့ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ Baekhyun

Seo Moon Tak ဟာ အသံပါဝါအားကောင်းကောင်းနဲ့ Wide Vocal Range ပိုင်ဆိုင်ထားတဲ့ ဝါရင့် Rocker ကြီး ဖြစ်ပါတယ်။ ထိုကဲ့သို့သောသူနဲ့ တွဲဆိုဖို့အတွက် Baekhyun ဟာ VoiceTunig Family ကနေ စီစဉ်တဲ့ Votiz project မှာပါချင်ပါတယ် ဆိုပြီး တောင်းဆိုခဲ့ပါတယ်။ VoiceTuning Family ကလည်း နှစ်ဦးတွဲသီဆိုထားတဲ့ “Hurt “ဆိုတဲ့ သီချင်းကို ခု လတ်တလောမှာ ဖန်တီးရိုက်ကူးပေးခဲ့ပါတယ်။

ရိုက်ကွင်းထဲမှာလည်း Baekhyun ဟာ ဒါရိုက်တာတွေနဲ့ပါ ရင်းနှီးနေပြီဖြစ်ကြောင်း online ပေါ်မှာတက်လာတဲ့ ရိုက်ကွင်းက ပုံတွေက သက်သေပါဘဲ။ Music Video ကတော့ ရိုက်ကူးပြီးစီးသွားပြီ ဖြစ်ပြီး May လ 10 ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီကနေ့ May လ 4 ရက်နေ့မှာတော့ Teaser clip ထွက်ရှိလာခဲ့ပြီး Baekhyun ကလည်း သူ့ Instagram acc မှာ ခုလို Caption လေးနဲ့ upload တင်ပေးခဲ့ပါတယ်။

“Senior Seomoon tak နဲ့ တွဲဆိုဖို့ အိပ်မက်ထဲထိထည့်မက်ခဲ့ရတဲ့ ကျွန်တော်ရဲ့ မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်လာလို့ ကျွန်တော် အရမ်းဘဲ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ သီချင်းက မေလ 10 ရက်နေ့မှာ ထွက်ရှိမှာပါ။ ကျေးဇူးပြုပြီး နားဆင်ပေးကြပါအုံးနော်။ ကျွန်တော်ရဲ့ဆရာ Seo Joon Sik ဆီမှာ နှစ်ပေါင်းများစွာ သင်ယူခဲ့တဲ့ Ultimate skill တွေပါ ချပြသွားမှာပါ။ ကျွန်တော့်ကို အမြဲစိတ်ဝင်တစားစောင့်ကြည့်ပြီး ချစ်ပေးနေကြတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”

Baekhyun ဟာ များသောအားဖြင့် R&B type ဆိုလေ့ရှိပေမဲ့ ဒီ Rocker ကြီးနဲ့ တွဲဆိုတဲ့အခါ သူ့ရဲ့ သီချင်းဆို စွမ်းရည်ကို ဘယ်လိုထုတ်ပြမလည်း ဆိုတာ စိတ်ဝင်စားစရာပါဘဲ။ Teaser clip ကိုကြည့်ပြီး May လ 10 ရက်နေ့အတွက် ပရိတ်သတ်တွေ အားလုံး Baekhyun နဲ့ ထပ်တူ ရင်ခုန်စိတ်လှုပ်ရှားနေကြမယ်လို့ ထင်ပါတယ်။

Source: Allkpop
Written: Violet

Share