အေဂျင်စီတွေကြောင့် နာမည်ကျော်ကြားလာဖို့ နှေးကွေးခဲ့ရတဲ့ တရုတ်မင်းသား ၃ ဦး

တစ်ချို့သောမင်းသားတွေကတော့ ပွဲဦးထွက်စဥ်ကတည်းက နာမည်ကြီးအောင်မြင်လာခဲ့တာမျိုးတွေရှိပေမဲ့ တစ်ချို့သောမင်းသားတွေကတော့ အနုပညာသက်တမ်းအတော်ကြာခါမှသာ နာမည်ကျော်ကြားလာခဲ့တာမျိုးတွေလည်းရှိပါတယ်။ တစ်ချို့မင်းသားတွေကတော့ သရုပ်ဆောင်ဖူးတဲ့ဇာတ်ကောင်တွေကြောင့် လူသိများလာခဲ့ပေမဲ့ လက်တွဲထားတဲ့အေဂျင်စီတွေကြောင့် အောင်မြင်မှုတွေနှေးကွေးခဲ့ရတာမျိုးတွေလည်းရှိနေပါတယ်။

ဖော်ပြပေးမယ့် မင်းသား ၃ ယောက်ကတော့ သရုပ်ဆောင်တဲ့နေရာမှာ ပြစ်ချက်မရှိအောင် ကောင်းမွန်ပြည့်စုံပေးမဲ့လည်း အေဂျင်စီတွေရဲ့ အရည်အချင်းမပြည့်ဝမှုတွေကြောင့် အောင်မြင်ကျော်ကြားနာမည်ကြီးလာဖို့ အချိန်အတော်ကြာခဲ့တာလည်းဖြစ်ပါတယ်။

Zhang Zhehan

တရုတ် Bromance ဇာတ်လမ်းတွဲ Word of Honor နဲ့ တဟုန်ထိုးနာမည်ကြီးလူကြိုက်များလာခဲ့သူ Zhang Zhehan ရဲ့ အတိတ်ကအနုပညာခရီးလမ်းကတော့ မဖြောင့်ဖြူးခဲ့ပါဘူး။ အစောပိုင်းက Producer Yu Zheng နဲ့ လက်တွဲပြီးအလုပ်လုပ်ခဲ့ပေမယ့် သရုပ်ဆောင်ဘဝမှာ နာမည်ရလာဖို့ ၆ နှစ်တောင် ရုန်းကန်ခဲ့ရတာပါ။

နာမည်ကြီးဇာတ်လမ်းတွဲတွေဖြစ်တဲ့ The Romance of the Condor Heroes, Nirvana in Fire နဲ့ Love Yunge from the Desert စတဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆေ​ာင်ဖို့အခွင့်အရေးတွေရခဲ့သော်လည်းပဲ အရံမင်းသားအဖြစ်သာပါဝင်ခွင့်ရခဲ့တာကြောင့် ကြည့်ရှုသူတွေရဲ့ အာရုံစိုက်မှုကို မရရှိနိုင်ခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ Vicky Zhao Wei ရဲ့ Studio နဲ့ ပြောင်းလဲလက်တွဲခဲ့ပြီး Legend of Yunxi ဇာတ်လမ်းမှာ ပါဝင်ရိုက်ကူးခဲ့ပြီးနောက် Zhehan ရဲ့ အနုပညာခြေလှမ်းဟာ လမ်းကြောင်းမှန်ပေါ်ရောက်လာခဲ့ကာ နှစ်အတော်ကြာမှ အောင်မြင်မှု​တွေ စတင်ရရှိလာခဲ့တာလည်းဖြစ်ပါတော့တယ်။

Luo Yunxi

သရုပ်ဆောင်ခြင်းအပြင် အဆို၊အကပါကျွမ်းကျင်တဲ့ အနုပညာပါရမီရှိသူ Leo Luo Yunxi ကတော့ ယောက်ျားလေးအဆိုတော်အဖွဲ့အဖြစ် စတင်ပွဲဦးထွက်ပြီးမှ သရုပ်ဆောင်နယ်ပယ်ဖက်ကိုပြောင်းလဲလာခဲ့သူပါ။

Leo ဟာ My Sunshine ဇာတ်လမ်းတွဲမှာကတည်းက သူ့ရဲ့သရုပ်ဆောင်ချက်တွေကို အတော်လေးအသိအမှတ်ပြုချီးကျူးခံခဲ့ရပေမဲ့လည်း သူ့ရဲစာချုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး ၂ နှစ်ကြာ အမှုကိစ္စဖြစ်ပြီးနောက် အောင်မြင်မှုတွေမှေးမှိန်နောက်ကျခဲ့ရပါတော့တယ်။

သို့သော်လည်း Yunxi ကတော့ သူ့ရဲ့ကိုယ်ပိုင်အနုပညာစွမ်းရည်ကိုယုံကြည်တဲ့စိတ်တစ်ခုနဲ့ ရှေ့ဆက်လျှောက်လှမ်းခဲ့ပြီး ၂၀၁၈ မှာတော့ Ashes in Love ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးခဲ့ပြီး အောင်မြင်မှုကို ပြန်လည်ရယူနိုင်ခဲ့ပြီး ယခုအချိန်မှာတော့ လူကြိုက်များကျော်ကြားတဲ့မင်းသားတစ်ယောက်ဖြစ်နေခဲ့ပါပြီ။

Zhu Yilong

The Guardian ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာခဲ့သူ Zhu Yilong ကလည်းပဲ အနုပညာနယ်ပယ်မှာ အချိန်အတော်ကြာကျင်လည်ပြီးမှသာ အောင်မြင်မှုအသီးအပွင့်ကို စားသုံးခွင့်ရခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ နာမည်ကြီးတဲ့မင်းသား Yilong ဆိုပြီး နာမည်တစ်ခုနဲ့ရပ်တည်နိုင်ဖို့အတွက် ၁၀ နှစ်ကြာ ကြိုးစားခဲ့ရသူပါ။

ပြောကြားချက်တွေအရ မင်းသားဟာ သူ့ရဲ့အေဂျင်စီနဲ့ ၃၅ နှစ်ကြာ စာချုပ်သက်တမ်းတစ်ခုရှိနေတယ်ဆိုတဲ့သတင်းတွေရှိနေပြီး ထိုသတင်းဟာ ပရိသတ်တွေအတွက် စိုးရိမ်စရာမရှိပေမဲ့ အဆိုပါအေဂျင်စီဟာ Yilong ရဲ့ သရုပ်ဆောင်မှုအလုပ်ကို အားပေးပံ့ပိုးထောက်ခံခြင်းမရှိတာတွေကတော့ ပရိသတ်တွေအတွက် သဘောမကျစရာဖြစ်လာခဲ့တာပါ။

ဒါ့အပြင် Yilong လက်တွဲထားတဲ့ အေဂျင်စီဟာ ဇာတ်လမ်းတွဲကမ်းလှမ်းမှုတွေရှိလာရင်လည်း ဇာတ်ညွှန်းတွေကို လေ့လာခြင်းမရှိဘဲ လက်ခံလေ့ရှိတယ်လို့တောင် ပြောကြားကြပါတယ်။ ဒီကိစ္စတွေကိုတော့ ယခုအချိန်ထိ Yilong ဟာ ရင်ဆိုင်နေရဆဲဖြစ်ပြီး အောင်မြင်မှုရရှိပြီးတာတောင် မလွယ်ကူအဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရဆဲလည်းဖြစ်ပါတော့တယ်။

Source: Jynestar
Photos: Weibo
Written: Nay Chi

Share