Yang Yang နဲ့ Zhao Lusi ကို အတူတူတွဲဖက်ပြီးတွေ့မြင်ရတော့မယ့် တရုတ်ဇာတ်လမ်းတွဲသစ်

တရုတ်နိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်​ယောက်ဖြစ်သူ Yang Yang နဲ့ ချစ်စရာကောင်းတဲ့မင်းသမီးလေး Zhao Lusi တို့ဟာ အစောပိုင်းကာလတွေတုန်းက “Who Rules the World” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးတော့မယ်ဆိုတဲ့အကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်။

ယခုအချိန်မှာတော့ ဒီဇာတ်လမ်းသစ်ကို အနုပညာရှင်နှစ်ယောက်စလုံးက တွဲဖက်ရိုက်ကူးနေပြီဖြစ်ပြီး Yang Yang နဲ့အတူ တွဲဖက်သရုပ်ဆောင်တာကြောင့် Zhao Lusi ဟာ A-listers စာရင်းဝင်မင်းသမီးတစ်ယောက်ဖြစ်လာနိုင်ဖို့ ခြေလှမ်းသစ်ဖြစ်နိုင်တယ်ဆိုပြီး အများကချီးကျူးပြောဆိုနေခဲ့ကြပါတယ်။

The Legend of Tiger and Rose နဲ့ The Long Ballad မှာ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုပြသထားနိုင်ခဲ့တဲ့ Zhao Lusi လေးကတော့ ဒီတစ်ခေါက်ဇာတ်လမ်းသစ်မှာကော မင်းသား Yang Yang နဲ့အတူ ဘယ်လိုမျိုးလက်စွမ်းပြထားမလဲဆိုတာကို ကြည့်ရှုသူတွေကစောင့်မျှော်နေကြတာပါ။

Who Rules the World ဇာတ်လမ်းတွဲကတော့ လူသိများတဲ့ Internet ဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ Who Rules the World ဇာတ်လမ်းကတော့ ဆယ်စုနှစ်ကြာအချစ်မေတ္တာသွယ်ခဲ့ကြတဲ့ မင်းသမီးလေး Xi Yun နဲ့ မင်းသား Lan Xi တို့ကြားက ဇာတ်လမ်းမျိုးလေးပါ။

လက်ထပ်ပြီးနောက်ပိုင်းဘဝအတွက် အခက်အခဲတွေကိုအတူကျော်ဖြတ်ကြတဲ့ ကြည်နူးစရာဇာတ်လမ်းမျိုးလေးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အဓိကဆွဲဆောင်မှုကတော့ မင်းသား Lan Xi ဟာ အချစ်အတွက် သူ့ရဲ့နိုင်ငံအုပ်ချုပ်ခွင့်ကိုတောင် လက်လွှတ်ခဲ့ရတဲ့အထိ အချစ်ကြီးမားပုံကိုပြသထားတာပါ။

Zhao Lusi ကတော့ ခေါင်းမာပြီး ဗွင်းဗွင်းရှင်းရှင်းပြောတတ်ဆိုတတ်တဲ့ Bai Fengxi ဆိုတဲ့ကောင်မလေးအပြင် နူးညံ့ချိုသာပြီးဂုဏ်ကျက်သရေရှိစွာနေတတ်တဲ့ မင်းသမီး Feng Xiyun အဖြစ် မတူညီတဲ့ဇာတ်ကောင်နှစ်ခုကို သရုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

ချောမောတဲ့ရုပ်ရည်နဲ့ သရုပ်ဆောင်တဲ့နေရာမှာပီပြင်ကျွမ်းကျင်သူ Yang Yang နဲ့အတူ ချစ်စရာကောင်းတဲ့မင်းသမီးလေး Zhao Lusi တို့အတွဲလေးကို Who Rules the World ဇာတ်လမ်းတွဲမှာမြင်တွေ့ရတော့မှာဖြစ်လို့ အမြင်ဆန်းသလိုစိတ်ဝင်စားဖွယ်လည်းကောင်းပါတယ်။

ဒါ့အပြင် လူကြိုက်များတဲ့ တရုတ်အချစ်ရှေးဟောင်းဇာတ်လမ်းတွဲတွေဖြစ်တဲ့ Love and Redemption, The Glory of Tang Dynasty နဲ့ Under the Power တို့ကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ Yin Tao ဟာ Who Rules the World ရဲ့ နုရွတဲ့ချစ်ခြင်းမေတ္တာတရားကိုလည်း ဇာတ်လမ်းအဖြစ်ဖန်တ​ီးရိုက်ကူးထားတာဖြစ်လို့ လူကြည့်များတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်လာဦးတော့မှာပါပဲ။

Source: Jynestar
Photos: Weibo
Written: Nay Chi

Share