ကလေးများနေ့အထိမ်းအမှတ်အတွက် J Hope ရဲ့ မွန်မြတ်တဲ့ အလှူ…

J Hope တို့ကတော့ လူတိုင်း ချီးမွမ်းထောပနာပြုရမယ့် မွန်မြတ်တဲ့အလှူလေးကို လုပ်လိုက်ပြန်ပါပီ။ မေလ ၅ ရက်နေ့ကတော့ ကိုရီးယားနိုင်ငံရဲ့ကလေးများနေ့ပါ။ ဒါ့ကြောင့် ကလေးများနေ့ အထိမ်းအမှတ်အနေနဲ့ J Hope ဟာ အာဖရိကမှ ချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်များအတွက် ဝမ် သန်း ၁၀၀ ( မြန်မာကျပ် သိန်း ၁၃၀၀ ကျော်ခန့်) လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။

The Green Umbrella Children’s Foundation မှ ထုတ်ပြန်ချက်အရ ကိုရီးယားနိုင်ငံရဲ့ ကလေးများနေ့ အထိမ်းအမီတ်အတွက် J Hope ဟာ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုကို ဆိုးရွားစွာ ခံစားနေရတဲ့ အာဖရိကတိုက် Tanzania မှ ကလေးသူငယ်များအတွက် ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့် J Hope ရဲ့ လှုဒါန်းမှုကို The Green Umbrella Children အဖွဲ့အစည်းမှ Tanzania ဒေသမှ ကလေးသူငယ် ထောက်ပံ့မှုအတွက် ဖွဲ့စည်းထားတဲ့ One Stop Center မှာ သုံးစွဲသွားမယ်လို့ သိရပါတယ်။ ဒီလှူဒါန်းမှုအတွက် J Hope နဲ့ “The Green Umbrella Children” အဖွဲ့မှ ဥက္ကဌက ဒီလိုပဲ မှတ်ချက်ပေးခဲ့ပါသေးတယ်။


J Hope ပြောခဲ့တာကတော့… ” အခုအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှ လူပေါင်းများစွာဟာ Covid-19 ကို ခံစားနေကြရပါတယ်။ ကျွန်တော့ဟာ ကိုရီးယားရားနိုင်ငံမှ ကလေးငယ်တွေအတွက် လှူဒါန်းမှုပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာတော့ နိုင်ငံရပ်ခြားမှ ကလေးတွေအတွက်လည်း ထောက်ပံ့ဖို့ လုပ်ခဲ့တာပါ။ လူအများမသိသေးတဲ့ ဒီကလေးတွေအတွက်လည်း နွေးထွေးမှု မေတ္တာတွေကို ဝေမျှပေးချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

“The Green Umbrella Children” မှ ဥက္ကဌ Lee Je Hoon ကတော့ ” ဒီလို BTS ရဲ့ J Hope လို ကမ္ဘာကျော် စတားရဲ့ စဉ်ဆက်မပြတ် ထောက်ပံ့မှုဟာ စီးပွါးရေးအခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ ကလေးသူငယ်တွေကို ကူညီရေးမှာ လူအများရဲ့ စိတ်ဝင်စားမှု ရရှိပြီး တိုးတက်မှုတွေရှိလာပါတယ်။

ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းဟာ ပြည်တွင်းမှာသာမက ပြည်ပက ချို့တဲ့တဲ့ကလေးတွေကိုပါ ထောက်ပံ့မှုတွေပြုလုပ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားပါမယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီလို မွန်မြတ်တဲ့ အလှူလေးလုပ်ပေးခဲ့တဲ့ J Hope ကတော့ တကယ့်ကို တောင်ပံမပါတဲ့ နတ်သားလေးလို့တောင် တင်စားချင်ပါတယ်။

Source: Koreaboo
Photo: UNICEF
Written: Gyi Gyi

Share