OCN ရုပ်သံလိုင်းရဲ့ “Island” ဇာတ်လမ်းတွဲက​နေ အပြီးတိုင် နုတ်ထွက်​လိုက်ပြီဖြစ်တဲ့ မင်းသမီး Seo Ye Ji

မင်းသမီး Seo Ye Ji ဟာ OCN ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ “Island” က​နေ နုတ်ထွက်​တော့မယ်လို့ သိရပါတယ်။ Seo Ye Ji ဟာ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Kim Jung Hyun ရဲ့ Girls’ Generation အဖွဲ့ဝင် Seo Hyun ကို မ​ချေမငံ ဆက်ဆံခဲ့တဲ့ အပြုအမူ​တွေအတွက် အဓိက တာဝန်ရှိသူဖြစ်တယ်လို့ သတင်း​တွေထွက်​ပေါ်လာပြီး​​နောက် ခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ထို့အပြင် Seo Ye Ji ဟာ ​ကျောင်းသူဘဝတုန်းက အတန်း​ဖော်​တွေကို အနိုင်ကျင့်ခဲ့တယ်၊ ပလပ်စတစ်ဆာဂျရီလုပ်ခဲ့တယ် စသဖြင့် အတည်မပြုနိုင်တဲ့ ​ကောလ​ဟာလ​တွေလည်း ထွက်​ပေါ်ခဲ့ပါတယ်။ သူမရဲ့ ​အေဂျင်စီဖြစ်တဲ့ GOLDMEDALIST က​တော့ “နှစ်ဦးနှစ်ဖက်​ဆွေး​နွေးပြီး ​နောက်ဆုံး ဆုံးဖြတ်လိုက်တာ​က​တော့ Island ဇာတ်လမ်းတွဲမှာ Seo Ye Ji မပါဝင်ဖို့ပဲ ဖြစ်ပါတယ်” လို့ ​ပြောကြားခဲ့ပါတယ်။

“Island” ဇာတ်လမ်းတွဲဟာ နာမည်တူ webtoon ​ပေါ်မှာ အ​ခြေခံထားတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ကျိန်စာသင့်ပြီး အ​ဆုံးမရှိတဲ့ ဘဝကို ရှင်သန်​နေရတဲ့ ​ယောကျ်ားတစ်​​ယောက်ရယ် အပနှင်တဲ့ ဘုန်း​တော်ကြီးတစ်ပါးနဲ့ မှင်စာ​တွေရဲ့ ပစ်မှတ်ဖြစ်​နေတာကို မသိတဲ့ သနားစရာ သူ​ဌေးသမီးတစ်ဦးရဲ့အ​ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ထို့​နောက် အလွန်တရာ လှပ​ပေမဲ့ မ​ကောင်းဆိုးဝါး​တွေ စွဲကပ်​နေတဲ့ ကျွန်းတစ်ကျွန်း​ကို ​ရောက်ရှိကာ မ​ကောင်းဆိုးဝါး​တွေကို ၃ ဦး​ပေါင်းပြီး နှိမ်နင်းကြမယ့် ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ မင်းသမီး Seo Ye Ji က​တော့ သူ​ဌေးသမီး Won Min Ho ​နေရာအတွက် ကမ်းလှမ်းခံထားရတာဖြစ်ပြီး မင်းသား Kim Nam Gil ကို ​ခေါင်း​ဆောင်မင်းသား​နေရာ၊ ASTRO အဖွဲ့ဝင် Cha Eun Woo ကို ဘုန်း​တော်ကြီး​နေရာအတွက် ကမ်းလှမ်းခဲ့ပါတယ်။

အခုအချိန်မှာ​တော့ မင်းသား Kim Nam Gil တစ်ဦးသာ ဇာတ်ကားမှာ ပါဝင်ဖို့ လက်ခံထားတာ ဖြစ်ပါတယ်။ Cha Eun Woo ကလည်း ​ဆွေး​နွေး​နေဆဲဖြစ်ပြီး ​ခေါင်း​ဆောင်မင်းသမီး​နေရာအတွက်​ကို မင်းသမီးအသစ်ရှာ​နေတယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲကို ဂျယ်ဂျူကျွန်းမှာ သွား​ရောက်ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်​လောက်မှာ ပြသနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ မင်းသမီး Seo Ye Ji ဟာ ဧပြီလ ၁၃ ရက်​နေ့မှာ ပြုလုပ်ခဲ့တဲ့ “Recalled” ဇာတ်ကားရဲ့ စာနယ်ဇင်းရှင်းလင်းပွဲကိုလည်း တက်​ရောက်ခြင်းမရှိခဲ့ပါဘူး။

သို့​သော်လည်း ဇာတ်ကားစစပြချင်း​နေ့မှာပဲ လက်မှတ်​ပေါင်း ၁၈၀၀၀ ​ကျော်​​ရောင်းချနိုင်ခဲ့ပြီး ထိုနေ့အတွက် ​ရောင်းအားအ​ကောင်းဆုံး ဇာတ်ကားဖြစ်ခဲ့ပါတယ်။ ဒါတင်မက​သေးပဲ လက်ရှိ ပြုလုပ်​နေဆဲဖြစ်တဲ့ “Baeksang Art Awards” ရဲ့ “TikTok Popularity Star” ဆုအတွက် မဲ​ပေးမှုမှာ ထိပ်​ဆုံးက​နေ ဦး​ဆောင်လျက်ရှိ​နေပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Share