လူသိများကျော်ကြားနေတဲ့ အသက် ၂၅ နှစ်အောက် ထိုင်းသရုပ်ဆောင်မင်းသား (၈) ဦး

ထိုင်းနိုင်ငံရဲ့သရုပ်ဆောင်နယ်ပယ်မှာ နာမည်ကျော်ဝါရင့်မင်းသားများစွာရှိသလိုပဲ အသက်ငယ်ရွယ်နုနယ်တဲ့မင်းသားတွေလည်း များစွာရှိနေပါတယ်။ ဒီအထဲမှာမှ နာမည်ကျော်ကြားလူကြိုက်များနေတဲ့ အသက် ၂၅ နှစ်အောက် မင်းသားငယ်ငယ်ချောချောလေး ၈ ဦးကိုဖော်ပြပေးလိုက်ပါတယ်။

Yin Anan

Thai-Hong Kong နွယ်ဖွား ထိုင်းမင်းသား Yin Anan ကတော့ အသက် ၂၂ နှစ်ပဲရှိပါသေးတယ်။ အသက်ငယ်ပေမဲ့လည်း လူကြိုက်များခဲ့တဲ့ BL series “En of Love: Mechanics” မှာ ပါဝင်သရုပ်ဆောင်ပြီးတဲ့နောက် နာမည်ကျော်ကြားလာတဲ့ ထိုင်းမင်းသားတစ်ဦးဖြစ်လာပါတော့တယ်။

Blue Pongtiwat

၂၀၂၁ မှာမှ အသက် ၂၁ နှစ်ပြည့်မှာဖြစ်တဲ့ မင်းသား Blue Pongtiwat ကတော့ Film and Digital Media ဘာသာရပ်ကို Srinakharinwirot တက္ကသိုလ်မှာ တက်ရောက်ပညာသင်ယူနေပါတယ်။ Blue ကတော့ “Krong Karm” ဇာတ်လမ်းထဲမှာ Bella Ranee ရဲ့ သားအဖြစ် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားထားနိုင်ခဲ့ကာ လူသိများကျော်ကြားလာခဲ့တာလည်းဖြစ်ပါတယ်။ “You’re My Heartbeat” ဆိုတဲ့ ဇာတ်လမ်းသစ်ထဲမှာလည်း Blue ကို မြင်တွေ့ရဦးမှာပါ။

Gulf Kanawut

BL မင်းသားချောတစ်ယောက်ဖြစ်သူ Gulf Kanawut ကတော့ အသက် ၂၃ နှစ်ပဲရှိပါသေးတယ်။ “TharnType The Series” မှာ ပါဝင်သရုပ်ဆောင်ပြီးနောက် နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီး သိပ်မကြာသေးခင်ကပဲ Thai TV3 နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ နာမည်ကြီးကုမ္ပဏီနဲ့လက်တွဲလိုက်နိုင်တာဖြစ်လို့ အနာဂတ်မှာ Gulf ရဲ့ ဇာတ်လမ်းသစ်တွေကို တစ်ဝကြီးကြည့်ရတော့မှာပါ။

August Vachiravit

Thai TV3 ရဲ့ တက်သစ်စနာမည်ရမင်းသား August Vachiravit ကတော့ “Mae Krua Kon Mai” ဆိုတဲ့ Remake drama ကို Namfah Thunyaphat နဲ့ တွဲဖက်ရိုက်ကူးထားပါတယ်။ အသက် ၂၄ နှစ်ပဲရှိသေးပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ August ကတော့ “Yommathoot Kub Poot Sao” ဆိုတဲ့ နောက်ထပ်ဇာတ်လမ်းသစ်ကို ရိုက်ကူးနေပါပြီ။

Bright Vachirawit

နာမည်ကြီးလူကြိုက်များတဲ့ BL မင်းသား Bright Vachirawit ကတော့ အသက် ၂၃ နှစ်ပဲရှိပါသေးတယ်။ တစ်ခွင်နာမည်ကြီးနေသလို Instagram မှာလည်း Follower အများအပြားကို ပိုင်ဆိုင်ထားသူပါ။

Win Metawin

အသက် ၂၂ ပဲရှိသေးတဲ့ Win Metawin ကတော့ Bright Vachirawit ရဲ့ အကောင်းဆုံး၊ အပေးအယူအရှိဆုံး တွဲဖက်သရုပ်ဆောင်ပါပဲ။ GMM 25 မှာ “2Gether The Series” ကို ထုတ်လွှင့်ပြသပြီးတဲ့နောက် တဟုန်ထိုးနာမည်ကြီးလာခဲ့သူလေးလည်း ဖြစ်ပါတယ်။

Donut Phattharapon

နောက်ထပ် အသက် ၂၂ ပဲရှိသေးတဲ့ Donut Phattharapon ကတော့ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ခေါင်းဆောင်မင်းသားအဖြစ် လက်ခံရိုက်ကူးထားပြီးသူတစ်ယောက်ပါပဲ။ အသက်ငယ်ပေမယ့်လည်း သရုပ်ဆောင်ကောင်းတာကြောင့် နာမည်ကြီးလာခဲ့ပြီး လက်ရှိမှာလည်း “Sao 5” နဲ့ “Rarng Ruk Prang Jai” ဆိုတဲ့ ဇာတ်လမ်း ၂ခုကို ရိုက်ကူးနေပါတယ်။

Kem Hussawee

“So Wayree” ဇာတ်လမ်းတွဲနဲ့ အောင်မြင်ကျော်ကြားလာခဲ့သူ Kem Hussawee ကတော့ အာရှတစ်ခွင်က ပရိသတ်ပေါင်းများစွာရဲ့ အခိုင်အမာအားပေးခြင်းကို ရရှိထားသူပါပဲ။ ၂၃ နှစ်ပဲရှိသေးပေမဲ့ ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးနေရပြီး “Phao Khon” နဲ့ “Khoei Baan Rai Sapai Hi-So” ဆိုတဲ့ ဇာတ်ကားသစ်နှစ်ခုထွက်လာဖို့လည်း ရှိနေပါသေးတယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share