Yves Saint Laurent ဖွင့်ပွဲမှာ CEO vibe အပြည့်နဲ့ Rosé တစ်ယောက် ဘယ်လောက်တောင် မိမိုက်နေခဲ့သလည်းဆိုရင်…

2020 ခုနှစ်ရဲ့ June လမှာ Rosé ဟာ YSL ရဲ့ Global ambassador အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒီဂုဏ်ပုဒ်ဟာ ပေါ့သေးသေးတော့မဟုတ်ပါဖူး။ လွန်ခဲ့တဲ့ 59 နှစ်ထဲက စတင်အောင်မြင်လာခဲ့တဲ့ ဒီကမ္ဘာကျော် Brand ဟာ Rosé ကိုဘဲ ပထမဆုံး Global Ambassador အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက Seoul မှာ အသစ်ဖွင့်တဲ့ Yves Saint Laurent ရဲ့ flagship store ဖွင့်ပွဲကို Rosé ဟာ လှပပြီး style ကျတဲ့ Black outfit နဲ့ ပွဲတက်ခဲ့ပါတယ်။ ထို outfit ဟာ အရပ်ရှည်ပြီး ခြေတံသွယ်သွယ်ရှိတဲ့ Rosé နဲ့ အရမ်းလိုက်ဖက်နေတဲ့အပြင် ဆံပင်ကလည်း ရွှေအိုရောင်လေးဆိုတော့ ဩဇာညောင်းတဲ့ ဂုဏ်သရေရှိ အနောက်တိုင်းသူအသွင် ဖြစ်နေခဲ့တာပါ။

ပွဲပြင်ပမှာ စောင့်ဆိုင်းနေခဲ့တဲ့ fan တွေ ကတော့ Rosé အလှမှာ မှင်သက်မိခဲ့ကြပြီး “CEO” နဲ့တူတယ် ဆိုပြီး အော်ဟစ်အားပေးခဲ့ကြပါတယ်။ ထို Lucky Fan တွေ online မှာပြန်တင်ပေးခဲ့တဲ့ edit လုပ်ထားခြင်းမရှိတဲ့ Rosé ပုံတွေဟာလည်း hot ဖြစ်ခဲ့ပါတယ်။

Rosé က Filter တောင် မလိုဖူး မျက်နှာလေးက ကြည်ရှင်းနေတာဘဲ ဆိုပြီး မှတ်ချက်တွေ ပလူပျံခဲ့ပါတယ်။ Rosé ကလည်း ပွဲမှာ တော်တော်ပျော်ခဲ့ပုံရပြီး သူမရဲ့ ကိုယ်ပိုင် Instagram acc မှာ ထိုနေ့က ရိုက်ကူးခဲ့တဲ့ ပုံတွေအမြောက်အများ ပြန်တင်ပေးခဲ့ပါတယ်။

Source: Koreaboo
Written: Violet
Photo Credit: Rosé IG

Share